အစ္စရေးနိုင်ငံသံအမတ်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများ တွေ့ဆုံ

ထိုသို့တွေ့ဆုံရာတွင် သံအမတ်ကြီးမှ အစ္စရေးနိုင်ငံအနေဖြင့်  မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ၊ ကျွမ်းကျင်မှု ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပေးနေမှုတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး MRCCI ဦးဥက္ကာကျော်က သံအမတ်ကြီးကို အမှတ်တရလက်ဆောင်ပေးအပ်သည်။ 
မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်နှစ်သစ်ကူးပွဲတော်ကျင်းပရေး အကြိုစာနယ်ဇင်းမိတ်ဆက်
တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် တရုတ်ယဉ်ကျေးမှုအဖွဲ့ (၁၃) ဖွဲ့၏ ဖျော်ဖြေတင်ဆက်ပွဲနှင့် တရုတ်ရိုးရာအစားအသောက်များနှင့် စတုဒိသာကျွေးမွေးပွဲကို ဇန်နဝါရီ ၂၁ ရက် ညနေ၄နာရီမှ ည၁၁နာရီ အထိ  မင်္ဂလာမန္တလေးတွင်ကျင်းပမည် ဖြစ်သည်။ အများပြည်သူများ လာရောက်ကြည့်ရှု ပါဝင်ဆင်နွှဲနိုင်ရန် ကျင်းပရေးအဖွဲ့က ဖိတ်ခေါ်ထားကြောင်းသိရသည်။        
မိတ္ထီလာမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲ ကျင်းပ
မိတ္ထီလာမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲကို  ဇန်နဝါရီ ၁၁ ရက် နံနက် ၁၀ နာရီက ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုစုပေါင်းအမှိုက်ကောက်ခြင်းများ ဆောင်ရွက်
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် ယနေ့နံနက် ၇ နာရီက (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စုပေါင်းအမှိုက်ကောက်ခြင်းကို ဆောင်ရွက်ခဲ့သည်။
ညောင်ဝန်းဘုန်းတော်ကြီးကျောင်း၌ ဓမ္မစကူးလ်ကျောင်းတော်သစ် ဖွင့်လှစ်
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ညောင်ဝန်းအုပ်စု၊ ညောင်ဝန်းဘုန်းတော်ကြီးကျောင်း၌ အမှတ်စဉ်(၇)/မင်းလှ (ဝ၃၅)ဓမ္မစကူးလ် ကျောင်းတော်သစ်ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၁ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
သန်လျင်၌ ကိုရီးယားနိုင်ငံမှ လှူဒါန်းသော အားကစားခန်းမသစ် ဖွင့်ပွဲကျင်းပ
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းတွင် ကိုရီးယားနိုင်ငံ SeokSung Scholarship Foundation မှ လှူဒါန်းသော အားကစားခန်းမသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပသည်။
ပန်းဈေးအသစ် တည်ဆောက်မှုပြီးစီး၍  လာမည့် ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်သွားမည်
အဆိုပါ ပန်းဈေးသစ်ကို မြေဧက ၂ဒသမ ၁၉ ဧကတွင် တည်ဆောက်ထားပြီး ပန်းဈေးအဆောင် ငါးဆောင်နှင့် စက်ရေတွင်း၊ ရေလှာင်ကန်၊ ရေစင်၊ ခြောက်ခန်းတွဲအများသုံး သန့်စင်ခန်းများနှင့် ဈေးရုံးခန်းများ ပါဝင်သည်။ ပန်းဈေးအဆောင် တစ်ဆောင်လျှင် ဆယ်ပေပတ်လည် အခန်း(၂၄)ခန်း ပါဝင်ကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ငွေကျပ်သန်း ၃၀ဝ အကုန်အကျခံ တည်ဆောက်ခဲ့ကြောင်း သိရသည်။