မိုးနဲမြို့ ကုန်းကျိုင်းကျေးရွာ ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတ၏ အန္တိမအဂ္ဂိဈာပန ပူဇော်ပွဲ ကျင်းပမည်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ဩဝါဒစရိယ ကုန်းကျိုင်းကျောင်းတိုက် ပဓာနနာယက ဆရာတော်ဖြစ်တော်မူသော ဘဒ္ဒန္တပဏ္ဍိတ သက်တော် ၈၁ နှစ် ဝါတော် ၆၁ ဝါသည် ၂၀၁၉ ခုနှစ် ဩဂုတ် ၁၈ ရက်တွင် (၉၆)ပါးရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီး ရုပ်ကလပ်တော်ကို မြို့နယ်သံဃနာယက ဆရာတော်ကြီးများက အကြီးအမှူးပြု၍ တပည့်ဒါယကာ ဒါယိကာမများက ဆရာတော်ကြီး၏ ရုပ်ကလပ်တော်ကို အန္တိမ အဂ္ဂိဈာပန မီးသင်္ဂြိုလ်ပူဇော်ပွဲကို ဇန်နဝါရီ ၉ ရက် ညနေ ၆ နာရီအချိန်တွင် ကျင်းပသွား မည်ဖြစ်ကြောင်း သိရ




