ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်း

မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျော့ချရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူးကျော်နိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးပြည့်နှင့် တာဝန်ရှိဌာနဆိုင်ရာများသည်   မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျော့ချရေး၊ မီးဘေးကြို တင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက်  ၁၀ နာရီက မိုင်းဖြတ်အုပ်စု၊ မိုင်းဖြတ်ကျေးရွာ ရှိ အုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကျောက်ပန်းတောင်းမြို့နယ် တံခါးကြီးကျေးရွာ စက်ရေတွင်းတူးဖော်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံများနှင့်တွေ့ဆုံ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယနေ့ ညနေ ၄ နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် တံခါးကြီးကျေးရွာသို့ သွားရောက်၍ တံခါးကြီးကျေးရွာ စက်ရေတွင်း တူးဖော် ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး၊ ဒေသခံပြည်သူများနှင့် ရင်းနှီးစွာ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ် တိုက်ပွဲရှောင်စခန်းများအား ဆန်(၄၂၇)အိတ် ထောက်ပံ့
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘူးသီးတောင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဇာနွယ်ဦး  ဦးဆောင်၍ ဝန်ထမ်းများက  တိုက်ပွဲရှောင်စခန်းများအား ဆန်(၄၂၇)အိတ် ထောက်ပံ့ ခြင်းကို ဇန်နဝါရီ ၃ ရက်နေ့က အဆို ပါ စခန်းများသို့ သွား ရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။ 
ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့်  ရောင်းချပွဲ စတုတ္ထနေ့ ဆက်လက်ကျင်းပ ကျောက်စိမ်း အတွဲပေါင်း  ၁၂၅၀  ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေး
ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ စတုတ္ထနေ့ကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ .............
လှည်းကုန်း-မိုးနဲ-သရဖူ-ကျားတွန်း-အင်းတိန် ကျေးလက်လမ်း ဂျာမနီဖွံ့ဖြိုးရေးဘဏ်အကူအညီဖြင့် ကတ္တရာ ခင်းမည်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်၊ လှည်းကုန်း-မိုးနဲ-သရဖူ-ကျားတွန်း-အင်းတိန် ကျေးလက်လမ်း ၁၉ ဒသမ ၄ ကီလိုမီတာကို .............