အ.ထ.က တနင်္သာရီကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပစေရေး ကျောင်းသူ/ကျောင်းသားများ စုပေါင်းအမှိုက်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အ.ထ.က တနင်္သာရီကျောင်း၏ ကျောင်းဝင်းအတွင်းတွင် ကျောင်းသူ/ကျောင်းသားများက ကျောင်း၏ဥပဓိရုပ် ကောင်းမွန်းပြီး သန့်ရှင်းသာယာလှပစေရေးအတွက်
တံငါချောင်းကမ်းပါးပြို ကာကွယ်ထိန်းသိမ်းရေးအတွက် စုပေါင်းသစ်ပင်စိုက်ပျိုး
ပြင်ဉီးလွင်ခရိုင် မတ္တရာမြို့နယ် ကျောက်စရစ်တောင်ကျေးရွာတွင် ဖြတ်သန်းစီးဆင်းသွားသော တံငါချောင်း(ချောင်းမကြီးချောင်း) ရေတိုက်စားမှုမှ ကာကွယ်နိုင်ရေးအတွက် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါကျေးရွာရှိ ချောင်းဘေးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကြို့ပင်ကောက်မြို့တွင် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်း စတင်ဆောင်ရွက်ခြင်းလုပ်ငန်းကို ဇန်နဝါရီ ၂ ရက် နံနက် ၁၀ နာရီက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တရားအားထုတ်နေသော သံဃာတော်များအား လာရောက်ဒါနပြုသူများပြား

မိုင်းယောင်း ၅ ဇန်နဝါရီ 

ပေါက်မြို့နယ်၌ ယောချောင်းဘေးတစ်လျှောက် ကြက်သွန်စိုက်တောင်သူများ၏ စိုက်ခင်းအတွင်း ရေများဝင်ရောက်ကာ နစ်မြုပ်မျောပါပျက်စီး
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၌ ဇန်နဝါရီ ၁ ရက် ညနေပိုင်းကနေ ဇန်နဝါရီ ၅ ရက်အထိ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ယောချောင်းဘေးတစ်လျှောက် ဆောင်းရာသီ ကြက်သွန်စိုက်တောင်သူများ၏ စိုက်ခင်းအတွင်း ရေများဝင်ရောက်ကာ နစ်မြုပ်မျောပါ ပျက်စီးကြကြောင်း သိရသည်။
ကရသူရိမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုနှင့် မီးငြှိမ်းသတ်ခြင်း သရုပ်ပြဆောင်ရွက်
ဒေသခံပြည်သူများ မီဘေးအန္တရာယ်ကင်းဝေးရေးနှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက လတ်တလောမီးငြှိမ်းသတ်နိုင်ရေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုနှင့် မီးငြှိမ်းသတ်ခြင်း သရုပ်ပြခြင်းကို ယနေ့ နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ အမှတ်(၃)ရပ်ကွက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာ့ကျောက်မျက်ရတနာ ရောင်းချပွဲ၌ ဝယ်ယူသော ကျောက်တွဲများအား ပြည်တွင်းကျောက်မျက်ဈေးကွက်၌ လွတ်လပ်စွာ ရောင်းဝယ်နိုင်
ပြည်တွင်းကျောက်မျက်ရတနာကုန်သည်များ ပြည်တွင်း၌ လွတ်လပ်စွာ ရောင်းဝယ်နိုင်ရေး၊ ကျောက်မျက်အချောထည်လုပ်ငန်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွက်လာစေရန်အတွက် မြန်မာကျပ်ငွေဖြင့် ရောင်းချသော ကျောက်မျက်ရတနာပြပွဲကို ဇန်နဝါရီ ၅ ရက်က နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။