အိမ်မဲမြို့၌ မော်တော်ယာဉ်နှင့် ထော်လာဂျီယာဉ်များ စနစ်တကျပြေးဆွဲရေးကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊     မြောင်းမြခရိုင်၊   အိမ်မဲမြို့နယ်  မော်တော်ယာဉ် လုပ်ငန်းယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှုကော်မတီမှ မော်တော်ယာဉ်နှင့် ထော်လာဂျီယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီ ၆ရက် နံနက် ၆ နာရီက ပြုလုပ်ခဲ့ကြောင်း သိရ
ကျောက်ဖြူမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်ဝါယာရိန်း သင်တန်းဆင်းပွဲ ကျင်းပ
ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်ဝါယာရိန်းသင်းတန်းဆင်းပွဲကို ဇန်နဝါရီ ၅ ရက် နံနက် ၁၀ နာရီတွင် ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာအုပ်စု၊ ကုန်ဘွေ ကျေးရွာဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ကျင်းပ
မှုခင်းကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် သက်ငယ်မုဒိမ်းမဖြစ်ပွားရေး အသိပညာပေး ဟောပြော
ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် သက်ငယ်မုဒိမ်း မဖြစ်ပွားရေး အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီ ၅ ရက်က လက်မွန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်
မယ်စဲ့မြို့နယ်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး အမိုးလန်ပျက်စီး
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ ကျောက်စုကျေးရွာတွင် ဇန်နဝါရီ ၅ ရက် က လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး အမိုးလန်ပျက်စီး သွားခဲ့ကြောင်း သိရ
ပခုက္ကူတက္ကသိုလ်တွင် (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
ပခုက္ကူတက္ကသိုလ်၊ (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်နှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်(နေ့သင်တန်း)များ ပူးပေါင်း၍ ဇန်နဝါရီ ၃ ရက်မှ ဇန်နဝါရီ ၁၈ ရက် အထိ  ပခုက္ကူတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပေးမည်ဖြစ်ကြောင်း သိရ
ရှားတောမြို့၌ မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းများ ကျောင်းဆင်းပွဲ အခမ်းအနားကျင်းပ
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကျောင်းသားလူငယ်များ အသိတရားရရှိရန်နှင့် လိမ္မာစေရန် ရည်ရွယ်၍ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဖွင့်လှစ်ခဲ့သော ဓမ္မစကူးလ်ကျောင်းများ မြို့နယ်လုံးဆိုင်ရာ ကျောင်းဆင်းပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်တွင် စလောင်းစုစည်း (မြရတနာ)ကျောင်း၌ ကျင်းပခဲ့
ညောင်တုန်းမြို့၌ စာပေဟောပြောပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စာပေချစ်မြတ်နိုးသူများ ပူးပေါင်း ကျင်းပသော (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စတုတ္ထအကြိမ်မြောက် စာပေဟောပြောပွဲကို ဇန်နဝါရီ ၅ ရက် ည ၇ နာရီခွဲက ညောင်တုန်းမြို့၊ ဗိုလ်ချုပ်ကြေးရုပ်ဝန်းအနီး၊ မိုးဟုတ်ဘုရားရှေ့၌ ကျင်းပပြုလုပ်ခဲ့