မြန်မာကျပ်ငွေဖြင့် ကျောက်မျက်ရတနာ ရောင်းချပွဲ ဒုတိယနေ့အဖြစ်ကျင်းပ

ပြည်တွင်းကျောက်မျက်ရတနာကုန်သည်များ ပြည်တွင်း၌ လွတ်လပ်စွာ ရောင်းဝယ်နိူင်ရေးအတွက် မြန်မာကျပ်ငွေဖြင့် ရောင်းချသော ကျောက်မျက်ရတနာပြပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက် ကျင်းပ
ပုဂံမြို့၊ လောကနန္ဒာဘုရားရင်ပြင်ပေါ်၌ ရောင်းချသည့်ဘုရားဆင်းတုတော်များ ပြည်တွင်းဘုရားဖူး ဧည့်သည်များ အကြိုက်တွေ့ ဝယ်ယူအားပေး
နှစ်သစ်ကူးရုံးပိတ်ကာလ ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြည်တွင်း ၊ ပြည်ပ ဘုရားဖူးဧည့်သည်များ အများအပြား လာရောက်ဖူးမြော်ကြည်ညိုကြကြောင်း သိရကာ ပြည်တွင်း ဘုရားဖူး ဧည့်သည်များသည် ပုဂံဒေသအမှတ်တရအဖြစ် ပုဂံမြို့၊ လောကနန္ဒာဘုရားရင်ပြင်ပေါ်၌ ဈေးသည်များရောင်းချသည့် ဆင်းတုတော်များကို အကြိုက်တွေ့ကာ ဝယ်ယူ အားပေးမှုများကြောင်း အဆိုပါ လောကနန္ဒာဘုရားရင်ပြင်ပေါ်ရှိ ပုဂံရောက်အမှတ်တရ ဘုရားဆင်းတုတော်ရောင်းချနေသည့် ဈေးသည်များထံမှ သိရ
(၇၂)ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မိုးညှင်းမြို့နယ် မော်ဟန် အခြေခံ ပညာအထက်တန်း ကျောင်းတွင် နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပ
(၇၂)ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၏ ကံ့ကော်ဆောင် (၄)ခန်းတွဲ နှစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို အဆိုပါ ကျောင်းဆောင်သစ်တွင် ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြ
ကသာမြို့၌ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
စစ်ကိုင်းဒေသကြီး၊ ကသာခရိုင်၊ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မှ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၁) နာရီ အချိန်က ဖြန့်ဝေခဲ့