အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၁၉)ဆင်းပွဲကျင်းပ
အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက် ညနေ ၅ နာရီခွဲက နေပြည်တော် တပ်ကုန်းမြို့နယ် မီးသတ်ဦးစီးဌာနတွင် ကျင်းပသည်။
ဘုတလင်မြို့တွင် (၉၃)ကြိမ်မြောက် စရဏ-ဝိဇ္ဇာ-နှစ်ဖြာယှဉ်တွဲ ကျေးဇူးဆပ်ပူဇော်ပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့တွင် (၉၃)ကြိမ်မြောက် စရဏ-ဝိဇ္ဇာ-နှစ်ဖြာယှဉ်တွဲ ကျေးဇူးဆပ် ပူဇော်ပွဲကို ဒီဇင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၂၉ ရက်အထိ ၅ ရက်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မယ်စဲ့မြို့နယ်၌ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တောင်သူနည်းပညာပေးသင်တန်းများဖွင့်
ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ လိုက်လျောညီထွေသည့်သီးနှံများ စိုက်ပျိုးနိုင်ရေးနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူနည်းပညာပေး သင်တန်းများဖွင့်လှစ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကယားပြည်နယ်၊ မယ်စဲ့မြို့နယ် ဟိုစဲ့ကျေးရွာ၌ ပြုလုပ်သည်။
မင်းလှမြို့ဂုဏ်ဆောင် ဓမ္မသုခသာသနာ့ဗိမာန်တော်ကြီးတည်ဆောက်ရန် အလှူငွေလှူဒါန်း
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် ဇနီးသည် ဒီဇင်ဘာ ၂၉  ရက် မွန်းလွဲ ၂ နာရီခွဲခန့်က မင်းလှမြို့တွင် တည်ဆောက်လျက်ရှိသည့် မင်းလှမြို့ ဂုဏ်ဆောင် ဓမ္မသုခ သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေးအတွက် အလှူငွေများအား ဝေဠုဝန်ကျောင်းတိုက်ဆရာတော်ဘုရားကြီးနှင့် တည်ဆောက်ရေးကော်မတီအဖွဲ့တို့ထံ သွားရောက်လှူဒါန်းခဲ့ကြသည်။