သက်ကြီးဂီတပညာရှင်ကြီးများအား နဝမအကြိမ်မြောက်ကန်တော့ပွဲ ကျင်းပ

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)က ကြီးမှူးကျင်းပသည့် သက်ကြီးဂီတပညာရှင်ကြီးများအား နဝမအကြိမ်မြောက် ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ Gandamar Wholesale Grand Ballroom ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)နာယကကြီးများ၊ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဒုတိယဝန်ကြီး ဦးစိုးအောင်  မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဒုတိယဥက္ကဌနှင့် တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဒုတိယဥက္ကဌ ဒေါက်တာ အမယာမော်နိုင် နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
စစ်ကိုင်းခရိုင် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ကျေးရွာပြည်သူများသို့ သုတ/ရသ စာအုပ်များ အခမဲ့ငှားရမ်းပေး
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ လင်းတလူး၊ မာလဲတောကျေးရွာသို့ ဒီဇင်ဘာ (၃၀) ရက်၊ နံနက် (၉) နာရီမှစ၍ စာအုပ်များကို အခမဲ့ ငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။
ကောလင်းမြို့နယ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ကောလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန သဇင်ခန်းမ၌ ကျင်းပခဲ့သည်။
(၂၈)ကြိမ်မြောက် ကျွန်းမကြီး ကဗျာရွတ်ပွဲ မကွေးမြို့၌ကျင်းပမည်
ကဗျာ၊ ဂီတ၊ ပန်းချီနှင့် အနုပညာကို မြတ်နိုးစွာခံစားတတ်သူတိုင်း တက်ရောက်ခွင့်ရှိသည့် ၂၈ကြိမ်မြောက် ကျွန်းမကြီးကဗျာရွတ်ပွဲကို ဧရာဝတီတံတား(မကွေး)အထက်ဘက်ရှိ မြစ်လယ်ကျွန်းတွင်
ပထမအကြိမ် ဇွဲကပင်တောင်တက်ပြိုင်ပွဲကို ပြိုင်ပွဲဝင် ၁၃၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်
ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပထမအကြိမ် ဇွဲကပင်တောင်တက်ပြိုင်ပွဲကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ဇွဲကပင်အရှေ့ခြမ်းတောင်ခြေသစ်ချရွာမှ စတင်ကျင်းပသွားမည်ရာ
(၂၅)ကြိမ်မြောက် ရဲချုပ်ဒိုင်း တောတွင်းခရီးကြမ်း (၅)မိုင် အပြေးတက်ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ