မချမ်းဘောမြို့နယ်၊ နမ်ခမ်ကျေးရွာအနီးရှိ ရှဲဝမ်ခုနစ်ထပ်ရေတံခွန်တွင် လာရောက်လည်ပတ်သူ များပြားလာ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ နမ်ခမ်ကျေးရွာ အရှေ့မြောက်ဘက် နှစ်မိုင်ခန့် အကွာတွင်ရှိသော ရှဲဝမ်ခုနစ်ထပ်ရေတံခွန်အား ရဝမ်လူငယ်များအသင်းနှင့် နမ်ခမ်ကျေးရွာ လူထုများ ပူးပေါင်းမှုဖြင့် ရှဲဝမ်ခုနစ်ထပ်ရေတံခွန် ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်လျက်ရှိရာ စနေ၊တနင်္ဂနွေနှင့် ရုံးပိတ်ရက်များတွင် ပြည်တွင်းပြည်ပ ခရီးသွားပြည်သူများ တစ်နေ့လျှင် ၁၅၀ ဝန်းကျင်ခန့် လာရောက်လည်ပတ် အပန်းဖြေလျက်ရှိကြောင်း သိရ







