တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များအတွက် နဝကမ္မအလှူတော်ငွေများနှင့် သီတဂူရေအလှူတော်အလှူငွေများ ဆက်ကပ်လှူဒါန်း
မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များအတွက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများ၏ နဝကမ္မ အလှူတော်ငွေများနှင့် သီတဂူရေအလှူတော်အလှူငွေများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကျေးလက်ရေရရှိရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် စိန်ပန်းကန်အုပ်စု ဖက်ခူးကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းအထောက်အကူပြု ကော်မတီဝင်များ၊ ကျေးရွာရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနား တက်ရောက်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် ယနေ့ နံနက် ၇ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ သီရိကွင်း၌ ကျင်းပသည့် ကရင်သက္ကရာဇ် ၂၇၅၉ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားသို့ တက်ရောက်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန(MOFCOM)၏ အထောက်အပံ့ဖြင့် China Railway Eryuan Engineering Group (CREEC) က တာဝန်ယူဖွင့်လှစ်ခဲ့သည့် ခေတ်မီရထားလုပ်ငန်းများ သင်တန်းဆင်းပွဲကျင်းပ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ အရာထမ်း/အမှုထမ်းများအား ခေတ်မီဖွံ့ဖြိုးတိုးတက်လျက်ရှိသော ရထားလုပ်ငန်းများနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများအား သင်ကြားပေးခဲ့သည့် 2019 Seminar on Railway Planning and Construction in Myanmar သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon lake view hotel ၌ ကျင်းပသည်။
မြန်မာ-ဂျပန်နည်းပညာ ဖွံ့ဖြိုးရေးဌာန အဆောက်အဦ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
မြန်မာ-ဂျပန် နည်းပညာဖွံ့ဖြိုးရေးဌာန အဆောက်အဦ (Myanmar-Japan Technological Development Centre-1 and Centre2) လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်နည်းပညာတက္ကသိုလ်၊ ပင်မစာသင်ဆောင်(၁)၊ စုဝေးခန်းမ၌ ကျင်းပသည်။
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ မဟာဗျူဟာရှင်းလင်းဆွေးနွေးခြင်း ရှမ်းပြည်နယ် လားရှိုးမြို့၌ ဆောင်ရွက်
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာအမျိုးသား အဆင့်မဟာဗျူဟာနှင့်ပတ်သက်၍ ရှင်းလင်းခြင်းနှင့် ပူးပေါင်းအကောင်အထည် ဖော်နိုင်ရေးအတွက် ဆွေးနွေးခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်သည်။