ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နမ္မတီးမြို့ အခြေခံပညာအထက်တန်းကျောင်း သုံးထပ်ကျောင်းဆောင်သစ်အား တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ အခြေခံပညာအထက်တန်းကျောင်း နှစ် (၅၀) ပြည့် ရွှေရတုသဘင်နှင့် RC သုံးထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင် ထားဝယ်မြို့၊ သီတဂူအာရောဂျဒါန ဆေးရုံတော်ကြီးတွင် ကုသမှုခံယူနေသော မျက်စိဝေဒနာရှင်များအား ကြည့်ရှုအားပေး
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သီတဂူအာရောဂျဒါန ဆေးရုံတော်ကြီးတွင် (၁၆)ကြိမ်မြောက် ကျန်းမာရေး အလှူတော်ကို သီတဂူဆရာတော်ကြီး၏ အစီအစဉ်ဖြင့် သီတဂူရွှေပြည်ဟိန်းဆရာတော်ကြီးက ဦးဆောင်၍ သမားတော်ကြီး ဒေါက်တာမြအောင် ဦးဆောင်သော သီတဂူရွှေပြည်ဟိန်း စက္ခုဒါနဆေးရုံတော်ကြီးမှ အထူးကုဆရာဝန်များ၊ ထားဝယ်မြို့ အထူးကုဆရာဝန်များနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းမှစ၍ မျက်စိဝေဒနာရှင် ၆၁ ဦးအား ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။
အနောက်စုကျေးရွာ၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အလံတင် အခမ်းအနား ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနနှင့် ကရင်စာပေယဉ်ကျေးမှု ကော်မတီတို့ ပူးပေါင်းကျင်းပသော ကရင်နှစ် ၂၇၅၉ နှစ် တိုင်းဒေသကြီးအဆင့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အလံတင်အခမ်းအနားကို
နာနတ်တော - ဘုရင့်နောင် လေးလမ်းဆုံ လူကူးခုံးကျော်တံတား လွတ်လပ်ရေးနေ့တွင် ဖွင့်လှစ်မည်
ရန်ကုန်မြို့တွင် အများပြည်သူ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ သွားလာရေး လွယ်ကူချောမွေ့စေရေးနှင့် မြို့ပြအင်္ဂါနှင့်အညီ လှပခေတ်မီစေရန် လူကူးခုံးကျော်တံတားများကို နိုင်ငံတော်မှ တည်ဆောက်လျက်ရှိရာ ကမာရွတ်မြို့နယ်၊ ကမာရွတ်ရဲစခန်း လမ်းဆုံဖြစ်သော နာနတ်တော-ဘုရင့်နောင် လေးလမ်းဆုံ မီးပွိုင့်တွင် လူကူးခုံးကျော်တံတား တည်ဆောက်လျက်ရှိပြီး (၉၀)ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်၍ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တွင် ကျင်းပခဲ့သော အသေးစားစက်မှုလက်မှုနှင့် မြန်မာ့ရိုးရာ ပန်း(၁၀)မျိုး လက်မှုအနုပညာ ထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတွင် သုံးရက်တာကာလအတွင်း ကျပ်သိန်းခြောက်ရာကျော် ရောင်းချနိုင်ခဲ့
မန္တလေးမြို့၊ မင်္ဂလာမန္တလေးတွင် ဒီဇင်ဘာ ၂၀ ရက် မှ ၂၂ ရက်ထိ ကျင်းပခဲ့သော အသေးစားစက်မှုလက်မှုနှင့် မြန်မာ့ရိုးရာ ပန်း(၁၀)မျိုး လက်မှုအနုပညာ ထုတ်ကုန်ပစ္စည်းပြပွဲနှင့်