ရန်ကုန်မြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၌ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အလံတင်အခမ်းအနား ကျင်းပ
ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီနှင့် ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပရေး ကော်မတီတို့ ပူးပေါင်း၍ ကရင်နှစ် (၂၇၅၉)ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အလံတင်အခမ်းအနားကို ယနေ့နံနက် ၅ နာရီ မိနစ် ၄၀ တွင် ရန်ကုန်အရှေ့ပိုင်းခရိုင် သာကေတမြို့နယ် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၌ ကျင်းပသည်။





