သေနတ်ပစ်အားကစားနည်း သဘောသဘာဝ သိရှိစေရန်၊ သေနတ်ပစ်အားကစားနည်း ပြန့်ပွားစေရန်၊ မျိုးဆက်သစ် သေနတ်ပစ်အားကစားသမား ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ သေနတ်ပစ်အားကစားအဖွဲ့ချုပ်၊ မန္တလေးတိုင်းဒေသကြီး သေနတ်ပစ်ဆပ်ကော်မတီနှင့် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ် အားကစားနှင့် ကာယပညာဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော အခြေခံသေနတ်ပစ် အားကစားသင်တန်း (၁/၂၀၁၉) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက် နံနက် ၉ နာရီက ရတနာပုံတက္ကသိုလ်ရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။