ရန်ကုန်အနောက်ပိုင်း ခရိုင် (အလုံ) တွင် ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ရန်ကုန်အနောက်ပိုင်း ခရိုင် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပ သော ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ် ဈေးရောင်း ပွဲကို ရန်ကုန်အနောက်ပိုင်းခရိုင် (အလုံ)  အမှတ်(၄) အခြေခံပညာ အထက်တန်း ကျောင်း တွင် ဒီဇင်ဘာလ  ၃ ရက်နေ့မှ ၄ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ စည်ကား သိုက်မြိုက်စွာ ကျင်းပ
တီးတိန်၌ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ  Mobile Lab Van ဖြင့် ကွင်းဆင်း စစ်ဆေး
ချင်းပြည်နယ် တီးတိန်မြို့တွင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန နှင့် မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီတို့ ပူးပေါင်းပြီး Mobile Lab Van ရွေ့လျားဓါတ်ခွဲ စစ်ဆေးမှုကာ အသုံးပြုလျက် စကောလမ်း ဈေးဆိုင်ရှိ စားသောက်ကုန်များတွင် ပြည်သူများ အန္တရာယ်ပြုနိုင်သော တားမြစ်ဆိုးဆေးနှင့် ဓါတုပစ္စည်းများ ပါဝင်မှုအား ဓါတ်ခွဲစစ်ဆေးခြင်းကို ယမန်နေ့က ပြုလုပ်
နာဂဒေသ ဆွမ္မရာမြို့၌ အမဲသားစားမိရာမှ အစာအဆိပ်သင့်
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် ဆွမ္မရာမြို့၌ အမဲသားစားမိရာမှ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရ
ရောင်းအားပိုမိုကောင်းသဖြင့် မြန်မာ့ရိုးရာ ထီးလုပ်ငန်း လုပ်ကိုင်သူများပြားလာ
မြန်မာ့လက်မှုလုပ်ငန်းတစ်ခုဖြစ်သော ရိုးရာထီးလုပ်ငန်းကို မဟာအောင်မြေမြို့နယ်၊ ၄၂ လမ်း၊ စိန်ကျော်ကွေ့ခုံးကျော် တံတားတောင်ဘက် ၈၄၀ ရပ်ကွက် (ယခင် မြောက်ရွာသစ်)တွင် ရိုးရာထီးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ ရောင်းအား ပိုမိုကောင်းလာသဖြင့် ထီးလုပ်ငန်းလုပ်ကိုင်သူ များပြားလာကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်၊ သစ်ရာကုန်းကျေးရွာတွင်  MIS Software ကို အသုံးပြု၍ ရေရရှိရေးဆိုင်ရာ အချက်အလက် များ ကောက်ယူလျက်ရှိ
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာ ရရှိရေး ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ MIS Software ကိုအသုံးပြု၍ ရေရရှိ ရေးဆိုင်ရာ အချက်အလက်များ ကောက်ယူရေး လုပ်ငန်းကို ယမန်နေ့  နံနက်ပိုင်းက  ပုဗ္ဗသီရိမြို့နယ်၊ သစ်ရာကုန်းကျေးရွာတွင် စတင်ဆောင်ရွက် ပေးခဲ့
မိုးညှင်းခရိုင် မိုးလုံလေလုံ အားကစားခန်းမဖွင့်လှစ်
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ခွင့်ပြုရန်ပုံငွေ ကျပ် ၂၃၇ ဒသမ ၅ သန်းဖြင့် Kachin Ayar ကုမ္ပဏီလီမိတက်က တာဝန်ယူတည်ဆောက်သည့် (၁၂၀ ပေ × ၉၀ ပေ × ၃၆ ပေ)ရှိ မိုးလုံလေလုံ အားကစားခန်းမ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၈ ရက် နံနက် ၉ နာရီက အဆိုပါအဆောက်အအုံသစ်၌ ကျင်းပသည်။
ပေါင်းတည်မြို့နယ် အုန်းနှဲစမ်းကျေးရွာရှိ အလကကျောင်းသို့ အားကစား အထောက်အကူပြုပစ္စည်းများ လှူဒါန်း
အားကစားနှင့် ကာယပညာဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ် အုန်းနှဲစမ်းကျေးရွာရှိ အ.လ.က ကျောင်းတွင် ကျင်းပခဲ့