ကရင်ပြည်နယ်အတွင်း အားလုံးပါဝင်သောငွေကြေးကဏ္ဍခရီးစဉ်ဆွေးနွေးပွဲကျင်းပ
မြန်မာနိုင်ငံ၏ ပဋိပက္ခဒဏ်သင့်ဒေသများတွင် မတူကွဲပြားပြီး ရေရှည်တည်တံ့သော ဝန်ဆောင်ပေးသူများက သင့်လျော်သည့်ငွေကြေးဆိုင်ရာထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို အမျိုးသမီးနှင့်မိန်းကလေးငယ်များအတွက် သိရှိနားလည် လက်လှမ်းမီမှုနှင့် အသုံးပြုမှုကို တိုးမြှင့်ရန်ရည်ရွယ်၍ ကရင်ပြည်နယ်အတွင်း အားလုံးပါဝင်သော ငွေကြေးကဏ္ဍခရီးစဉ် ဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့ တော်ဝင်ရတနာဟိုတယ်၌ ကျင်းပသည်။





