ပဉ္စမအကြိမ် မြန်မာ-အီးယူ လူ့အခွင့်အရေးဆွေးနွေးပွဲတစ်ရပ် ကျင်းပ

ပဉ္စမအကြိမ်မြောက် မြန်မာ-အီးယူလူ့အခွင့်အရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။ 
ဒုတိယဝန်ကြီး ဦးအောင်ထူး EU ARISE+ ASEAN Intellectual Property Rights မှ ကိုယ်စားလှယ်အဖွဲ့၊ US Patent and Trademark Office မှ ကိုယ်စားလှယ်အဖွဲ့နှင့် Olam International Limited မှ ကိုယ်စားလှယ်အဖွဲ့တို့အား သီးခြားစီ လက်ခံတွေ့ဆုံ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် EU ARISE+ ASEAN Intellectual Property Rights (EUIPO) မှ Project Leader , Mr. Tiago Guerreiro နှင့် US Patent and Trademark Office (USPTO), Office of Regional Intellectual Property Attache’ for Southeast Asia ၏ Intellectual Property Attache’ , Ms. Kitisri Sukhapinda, Ph.D, J.D.  နှင့်အဖွဲ့တို့အား ယနေ့နံနက်ပိုင်းတွင်လည်းကောင်း၊ Olam International Limited မှ Mr. Sameer Kaushal နှင့်အဖွဲ့အား မွန်းလွဲပိုင်းတွင် လည်းကောင်း ဝန်ကြီးရုံး၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။ 
ကရင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၂၄၃ ကျောင်း အဆင့်တိုးမြှင့်
ကရင်ပြည်နယ်အတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းပေါင်း ၂၄၃ ကျောင်းအား ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း ကရင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။ 
အမှိုက်ကင်းစင် စံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး
ဟိုပုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချားကျေးရွာကို အမှိုက်ကင်းစင်စံပြကျေးရွာ ဖြစ်လာစေရန် ရည်ရွယ်၍
ကျောင်းသား လူငယ်များအား မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး ဟောပြော
မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ညောင်တုန်းမြို့နယ် ဆားမလောက်နယ်မြေ မီးသတ်စခန်း ပြင်ပရေနှင့် လျှပ်စစ်မီးရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုအား စစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာရှိ နယ်မြေမီးသတ်စခန်း ပြင်ပရေနှင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ခြင်းလုပ်ငန်းအား မြို့နယ်စိစစ်ကြီးကြပ်ရေးအဖွဲ့မှ  ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
စာပေချစ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေး
နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျေးရွာများသို့ ကွင်းဆင်း၍