"ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်း ၂/၂၀၁၉" မန္တလေးတွင် ဖွင့်လှစ်မည်
အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် လူငယ်ထုပါဝင်ဆောင်ရွက်နိုင်ရေးနှင့် လူငယ်များ အကြားတွင် ဖြောင့်မတ်တည်ကြည်မှု မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှု ဆိုင်ရာရုံး၏ နည်းပညာအကူအညီဖြင့် "ဖြောင့်မတ်တည်ကြည်မှု" လူငယ်စခန်း ၂/၂၀၁၉ (Youth Integrity Camp 2/2019)အား မန္တလေးမြို့ပေါ်ရှိ တက္ကသိုလ်/ကောလိပ်(၈)ခု၊ စစ်ကိုင်းပညာရေး တက္ကသိုလ်နှင့် ပညာရေးကောလိပ်(၂)ခု၊ မုံရွာ၊ မန္တလေးမြို့များရှိ ပညာရေးကောလိပ်(၂)ခု၊ စုစုပေါင်း တက္ကသိုလ်/ကောလိပ်(၁၂)ခုတို့မှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ(၁၃၁)ဉီးဖြင့် မန္တလေးမြို့ရှိ ရွှေပြည်သာဟိုတယ် တွင် နိုင်ဝင်ဘာ ၂၄ ရက်မှ ၂၈ ရက်အထိ (၅)ရက်ကြာ သင်တန်း ဖွင့်လှစ်မည် ဖြစ်ကြောင်းသိရ







