(၇၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ အထိမ်းအမှတ်အဖြစ်မှတ်တမ်း၊ မော်ကွန်းပြပွဲကျင်းပမည်
ဇွန်လ ၉ ရက်နေ့တွင် ကျရောက်မည့် (၇၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံအတွက် အုပ်ချုပ်ရေးနှင့် သမိုင်းဆိုင်ရာ အထောက်အထား တန်ဖိုးရှိသော မှတ်တမ်း၊ မော်ကွန်းပြပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်ထောင်စုရိပ်သာလမ်းရှိ အမျိုးသားမှတ်တမ်းများမော်ကွန်း တိုက်ဦးစီးဌာန(အောက်မြန်မာပြည်ခွဲ)တွင် ပြသမည်ဖြစ်ကြောင်း သိရသည်။