ကလေးစာပေပွဲတော် (အိမ်မဲ) စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်လျက်ရှိ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာရေး ဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ပူးပေါင်းစီစဉ်ကျင်းပသော ကလေးစာပေပွဲတော် (အိမ်မဲ) စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို အထက (၁)ကျောင်း၌ နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိ သူများက နိုဝင်ဘာလ ၄ ရက်နံနက် ၉ နာရီကစတင်ပြီး ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရ





