ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့အကြား အပြန်အလှန် အသိအမှတ်ပြုအစီအစဉ် သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနား တက်ရောက်

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Association for Science and Technology (CAST)တို့အကြား အပြန်အလှန် အသိအမှတ်ပြု အစီအစဉ် သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင်  ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရုံး Function Hall ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံ မျက်မမြင်များအသင်း တာဝန်ရှိသူများနှင့်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံ မျက်မမြင်များအသင်းမှ တာဝန်ရှိသူများ က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးသည်။
ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနား နှင့် ဆင့်ပွားသင်တန်းပို့ချ

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီး Mr. Zahairi Baharim အား လက်ခံတွေ့ဆုံ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံအမတ်ကြီး Mr. Zahairi Baharim အား နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ 
ဒုတိယဝန်ကြီး ဦးကြည်မင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ Wordpress Content Management System User Training သင်တန်းဖွင့်ပွဲတက်ရောက်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ Wordpress Content Management System User Training သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး လောကနတ်ခန်းမ၌ ကျင်းပသည်။
ဓာတ်ရောင်ခြည် အန္တရာယ်ကင်းရှင်းမှု အခြေခံအဆောက်အအုံ အားကောင်းစေရေးဆိုင်ရာ စီမံကိန်း၏ ကာလလယ်သုံးသပ်မှုနှင့် ညှိနှိုင်းအစည်းအဝေးကျင်းပ
ပညာရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင် အေဂျင်စီ (အိုင်အေအီးအေ) တို့ နည်းပညာပူးပေါင်းမှုအစီအစဉ်အရ ဆောင်ရွက်နေသည့် အာရှ-ပစိဖိတ်ဒေသတွင်း စီမံကိန်းတစ်ခုဖြစ်သော Strengthening Radiation Safety Infrastructure (RAS/9/089) ဓာတ်ရောင်ခြည်အန္တရာယ်ကင်းရှင်းမှု အခြေခံအဆောက်အအုံ အားကောင်းလာစေရေးဆိုင်ရာ စီမံကိန်း၏ ကာလလယ်ပြန်လည်သုံးသပ်မှုနှင့် ညှိနှိုင်းအစည်းအဝေး (Mid-term Review and Coordination Meeting on Strengthening Radiation Safety Infrastructure) ကို နိုဝင်ဘာ ၄ ရက်တွင် နေပြည်တော်ရှိ MGallery ဟိုတယ်၌ ကျင်းပသည်။ 
ကောလင်းမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၁၉) ဖွင့်ပွဲကိုယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်စခန်းတွင် ကျင်းပပြုလုပ်သည်။