လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး လုပ်ငန်းကော်မတီ  (၄/၂၀၁၉) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီအစည်းအဝေး (၅၃/၂၀၁၉) ကျင်းပ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး(၅၃/၂၀၁၉)ကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင် ဒုတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရန်ကုန်-မာန်အောင် လေယာဉ်ခရီးစဉ် တိုးချဲ့ ပျံသန်းပြေးဆွဲမည်
မာန်အောင်အများပိုင် ကုမ္ပဏီမှ တာဝန်ယူ ပျံသန်းပြေးဆွဲနေသော အမျိုးသားလေကြောင်းပိုင် Grand Caravan လေယာဉ်ငယ်ဖြင့် ရန်ကုန်၊ မာန်အောင်၊ ကျောက်ဖြူနှင့် စစ်တွေ ခရီးစဉ်များကို တစ်ပါတ်လျှင် ၃ရက် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် ပျံသန်းပြေးဆွဲလျက်ရှိရာ ယခုအခါတစ်ပါတ် ၅ ရက် အင်္ဂါ ၊ကြာသပတေးနေ့များတွင် တိုးချဲ့ပျံသန်း ပြေးဆွဲနိုင်ရန မြန်မာ့အမျိုးသား လေကြောင်းလိုင်းနှင့် မာန်အောင်အများပိုင် ကုမ္ပဏီတို့ သဘောတူညီချက် ရရှိထားပြီးဖြစ်ရာ နိုဝင်ဘာ ၁၁ ရက်နေ့တွင်စ၍ ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရ
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံရှုံးနိုင်ခြေ လျော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားပြုလုပ်
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီရုံး၊ ကနောင်ခန်းမတွင်  ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပ ပြုလုပ်
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာပြုစုရေးဆပ်ကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ
၂၀၂၀ ပြည့်နှစ် (၇၂)မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်သမ္မတ၏ လွတ်လပ် ရေးနေ့သဝဏ်လွှာ ပြုစုရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ
ချောင်းဆုံမြို့နယ်တွင် ဆောင်သီးနှံစိုက်ပျိုး စရိတ်ချေးငွေ ကျပ်သိန်းပေါင်း(၂၂၂၅)သိန်း                ထုတ်ချေးပေးမည်
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးကြမည့် တောင်သူများအနေ ဖြင့် စိုက်ပျိုးစရိတ်ချေးငွေကို မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ အောက်တိုဘာ တတိယပတ်က  စတင်ပြီး ချောင်းဆုံအရှေ့ရပ်ကွက်၊ မုခနီးကျေးရွာတို့ရှိ တောင်သူကြီးများထံ ထုတ်ချေးပေးခဲ့ ကြောင်း သိရ
ဒလမြို့နယ်၌ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကျန်းမာရေးဝန်ထမ်းအိမ်ရာရပ်ကွက် ဇီဇဝါလမ်း၌ အောက်တိုဘာ ၂၈ ရက် နေ့က လိုင်းအမှတ်(၆၄)ရှိ တစ်ထပ်ပျဉ်ထောင်လိုင်း(၈)ခန်းတွဲ မီးလောင် ကျွမ်းမှုကြောင့် အိမ်ထောင်စု(၅)စုရှိ လူဦးရေ စုစုပေါင်း(၃၉)ဦးတို့ မီးဘေးသင့်ခဲ့ရာ ယမန်နေ့ညနေ ၄ နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၊ ဒလမြို့နယ်ကြက်ခြေနီအသင်း(ခွဲ) မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ စုပေါင်း၍  ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရ