စလင်းမြို့ ဝက်သည်းကန်မှကြာချည်ထုတ်လုပ်၍ အင်းလေးဒေသသို့ ရောင်းချခြင်းဖြင့် ဈေးကောင်းရရှိနေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၏အထင်ကရနေရာဖြစ်သော ဝက်သည်းကန်အတွင်း တွင် သဘာဝလျောက်ပေါက်ရောက်နေသည့် ပဒုမ္မာကြာတောမှကြာချည်ထုတ်လုပ်၍ ဈေးကွက်ရှိရာ ရှမ်းပြည်နယ်တောင်းပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသသို့တင်ပိုရောင်းချခြင်းဖြင့် ဈေးကောင်းရလျှက် ရှိကြောင်း ကြာချည်ထုတ်လုပ်နေသူများထံမှသိရသည်။
ဘုတလင်မြို့နယ်တွင် ပိုက်ဆံလျှော်ပင်အား သစ်စိမ်းမြေဩဇာအဖြစ် စိုက်ပျိုးအသုံးပြုလာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ ညောင်ကန်၊ အုတ်အိုင်၊ ရွာသာ၊ ဒါန်းတိုင်နှင့် ဆည်ဝကျေးရွာတို့တွင် မိုးစပါးနှင့် ဆောင်းနှမ်းများ စိုက်ပျိုးရာ၌ ပိုက်ဆံလျှော်ပင်များကို သစ်စိမ်း မြေဩဇာအဖြစ် စတင်စိုက်ပျိုးအသုံးပြုလာကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်း သိရ
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၄၉)မိုင်၊(၆)ဖာလုံ နှင့် (၇)ဖာလုံကြား၊ ယနေ့ နံနက် ၉ နာရီ မိနစ် ၅၀ က ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွာလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စအတွက် ရေရှည်တည်တံ့မည့် နည်းလမ်းရှာဖွေဖြေရှင်းရာတွင် အထူးကိုယ်စားလှယ်နှင့် ဆက်လက်ပူးပေါင်းသွားမည်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့ ဂျပန်နိုင်ငံသို့ ရုပ်ရှင်၊ ရုပ်သံနှင့် သတင်းဌာနများ လေ့လာရန်နှင့် တိုကျိုနိုင်ငံတကာ ရုပ်ရှင်ပွဲတော် တက်ရောက်ရန်ထွက်ခွာ

(၈၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့ ညီလာခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး တက်ရောက်
(၈၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့ညီလာခံ (88th INTERPOL Conference) ကို အောက်တိုဘာ ၁၅ ရက်မှ ၁၉ ရက်အထိ ချီလီနိုင်ငံ၊ ဆန်တီယာဂိုမြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
ဒုတိယဝန်​ကြီး ဦးလှ​ကျော်​ ၂၀၁၉- ၂၀၂၀ ခုနှစ် သုတေသနလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်
၂၀၁၉-၂၀၂၀ ခုနှစ်၊ သုတေသနလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ အစည်းအဝေးကို ယနေ့ နံနက် (၉) နာရီက နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ကျင်းပသည်။