အမျိုးသားလွှတ်တော်သို့ လာရောက်ကြည့်ရှုလေ့လာ
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀)၏ မိတ်ဆွေများဖြစ်သော World Food Programme ရုံးမှ ဝန်ထမ်း ၃၁ ဦး၊ တောင်ငူပညာရေးကောလိပ်မှ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ် ပညာသင်တန်း အမှတ်စဉ် (၆/၁၉) သင်တန်းသား၊ သင်တန်းသူများနှင့် ကြီးကြပ်သူ ဆရာ၊ ဆရာမ ၁၀ဝ ဦးတို့သည် အမျိုးသားလွှတ်တော်အစည်းအဝေးသို့ လာရောက်လေ့လာ ကြကြောင်းသိရသည်။