နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဒေါက်တာ မျိုးအောင်သည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးဆန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်တို့နှင့်အတူ နေပြည်တော်ကောင်စီ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော တိုးချဲ့ဝန်ထမ်းအိမ်ရာများဖြစ်သည့် ညွှန်ကြားရေးမှူးချုပ်အိမ်ရာ (၁၀)လုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးအိမ်ရာ (၁၀)လုံး၊ အရာထမ်းအိမ်ရာ (၁၅)လုံး၊ အမှုထမ်းအိမ်ရာ (၂၅)လုံး၊ လူပျိုဆောင်/အပျိုဆောင် (၁၆)လုံး စုစုပေါင်း (၇၆)လုံး ဆောက်လုပ်နေမှုများနှင့် ပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။