ပြောင်းလဲခြင်းဖြင့်တိုးတက်စေစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
ကရင်ပြည်နယ်၊ မြဝတီခရိုင် စုကလိမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ စုကလိမြို့ ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့ နေ့လည်(၂)နာရီအချိန်က စာရေးဆရာ မင်းဗထူးရေးသားသည့် ပြောင်းလဲခြင်းဖြင့် တိုးတက်စေ စာအုပ်ဖြင့်ပြုလုပ်ခဲ့ကြောင်း သိရသည်။



