တန်ဆောင်မုန်းလအတွက် ကထိန်ပွဲနှင့် ခဝဲပန်း ၂၀ဝ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချပေးမည်

ညောင်ရွှေမြို့နယ်၊ နန်းပန်ကျေးရွာရှိ ပြည်သူလူထုထံသို့ ကျေးရွာမြေငှားဂရမ် ပေးအပ်

မြန်မာ−ထိုင်းနယ်ခြား သောင်ရင်းမြစ်ကမ်းတစ်လျှောက် ဒုတိယနေ့အဖြစ် စက်လှေများဖြင့် ကြည့်ရှု့စစ်ဆေး

မြိတ်မြို့တွင် ယာဉ်တိုက်မှုအန္တရာယ်လျော့နည်းကျဆင်းစေရေး  ပညာပေးဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာစေရေးနှင့် ယာဉ်တိုက်မှုအန္တရာယ် လျော့နည်းကျဆင်းစေရေးအတွက် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မျိုးမြင့် ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျောင်းသား/သူများ ပူးပေါင်းကာ ယာဉ်အသွားအလာများသော နေရာ(၃)ခု၌ အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် ပညာပေးဆောင်ရွက်ခဲ့ကြသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တနင်္သာရီတိုင်းဒေသကြီးရှိ အသင်းခွဲများအား ဘဏ္ဍာရေးဆိုင်ရာ သင်တန်းများဖွင့်လှစ်ပေး
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တနင်္သာရီတိုင်းဒေသကြီးရှိ အသင်းခွဲများအား ဘဏ္ဍာရေးဆိုင်ရာ စာရင်း မှတ်တမ်းများ ကောင်းစွာထိန်းသိမ်းထားရှိနိုင်စေရန်နှင့် ပြဌာန်းထားသော ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့် အညီ လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အောက်တိုဘာ ၂၅  ရက် နံနက် ၉ နာရီခွဲက မြိတ်မြို့ ကြက်ခြေနီအသင်းခွဲရုံးတွင် ဘဏ္ဍာရေးဆိုင်ရာ သင်တန်းများဖွင့်လှစ်ပေးခဲ့သည်။
ပထမအကြိမ် မြန်မာ-တရုတ် အွန်လိုင်းစနစ်ဖြင့် ကျောက်မျက်ရတနာ ရောင်းဝယ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင်း နှင့် အမျိုးသားလွှတ်တော် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဉက္ကဌ ဦးကျော်သီဟ တို့က အမှာစကားပြောကြားသည်။