နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်သည် ဂျပန်နိုင်ငံ The Nippon Foundation အဖွဲ့၊ International University of Japan နှင့် Kosan Technical Institute မှ ပါမောက္ခများနှင့် ရန်ကုန်မြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၌ ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံ၍ နယ်စပ်ဒေသမှ လူငယ်များအတွက် Technical Institute ဖွင့်လှစ်နိုင်ရေးဆွေးနွေးသည်။