ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့တွင် တောင်ကြီးမြို့၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တောင်ကြီးမြို့ စူဠာမုနိလောကချမ်းသာ စေတီတော်မြတ်ကြီး၌ မေ ၁၈ ရက် ညနေ ၄ နာရီက ပရိဘောဂစေတီခေါ် မဟာဗောဓိညောင်ပင်အား ကဆုန်လပြည့်ဗုဒ္ဓအခါတော်နေ့တွင် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ကြကြောင်း သိရသည်။