ကဆုန်လပြည့်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ကုသိုလ်ပြုသူများဖြင့်စည်ကား၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပ

ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)သည် ဂေါတမဘုရားအလောင်းတော် သုမေဓာ ရှင်ရသေ့ဘဝတွင် နိယတဗျာဒိတ်ခံယူသည့်နေ့၊ ဂေါတမဘုရားအလောင်းတော် ဖွားမြင်သည့်နေ့၊ ဂေါတမဘုရားအလောင်းတော် ဘုရားဖြစ်သည့်နေ့၊ ဂေါတမဘုရားရှင် ပရိနိဗ္ဗာန် စံဝင်သည့်နေ့ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များက နေ့ထူးနေ့မြတ်အဖြစ်သတ်မှတ်၍ နှစ်စဉ် ကဆုန်လပြည့်နေ့တွင် ဗောဓိညောင်ရေသွန်းလောင်းပူဇော်ခြင်း၊ ဥပုဒ်သီလ ဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်း၊ စတုဒီသာကျွေးမွေးခြင်း စသည့် ကုသိုလ်ကောင်းမှုများကို ပြုကြသည်။
ကဆုန်လပြည့်နေ့ ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၌ ညောင်ရေသွန်းလောင်းသူများဖြင့် စည်ကား

ရန်ကုန် ၁၈ မေ

ဘီးလင်းမြို့နယ်ရှိ သက္ကထူပ(ခ)သိကြားဘုရား စေတီတော်နှင့် ဆံတော်ကြို တပ်တော်ဦး အောင်စေတီတော်တို့အား ရတနာစိန်ဖူးတော်၊ ရတနာငှက်မြတ်နားတော်၊ မကိုဋ့်ရွှေထီးတော်ဆက်ကပ်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မုသင်ကျေးရွာအုပ်စု၊ ဝိုင်းပတ်ကျေးရွာရှိ သက္ကထူပ(ခ)သိကြားဘုရား စေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော်၊ ရတနာ ငှက်မြတ်နားတော်၊ မကိုဋ့်ရွှေထီးတော် ဆက်ကပ်ခြင်းမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စေတီတော်ဝန်းအတွင်း ကျင်းပသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစုများ ကဆုန်ညောင်ရေသွန်း လောင်းပူဇော်
မြန်မာတို့၏ ၁၂ လရာသီပွဲတော်တွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ ကဆုန်လပြည့်နေ့ ယနေ့တွင်ကျရောက်သော ညောင်ရေသွန်းပွဲတော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများသည် ယနေ့ညနေပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ဇေယျာသီရိကုန်တိုက်ရှေ့ လောကချမ်းသာဆုတောင်းပြည့် အသင်းဘုရားကြီးရှိ မဟာဗောဓိညောင်ပင်များကို ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။ 
ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ဆဋ္ဌမအကြိမ်မြောက် ညီလာခံသို့ ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်

နေပြည်တော် ၁၈ မေ

လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မေ ၁၇ ရက် ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တွေ့ဆုံ၍ မကွေးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ 
ကဆုန်လပြည့်နေ့ ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်တို့အား ညောင်ရေသွန်းလောင်းသူများဖြင့် မန္တလေးမြို့တွင် အထူးစည်ကား
ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာရှိသော ဘာသာရေးနေ့ထူးနေ့မြတ်နေ့ဖြစ်သဖြင့် မန္တလေးမြို့ပေါ်ရှိ တန်ခိုးကြီးဘုရား ပုထိုးစေတီတော်များ၌ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ပွဲများနှင့် ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်တို့အား ညောင်ရေသွန်းလောင်း ပူဇော်ပွဲများ ကျင်းပ၍ မန္တလေးမြို့မှ ဆွမ်းလောင်းအသင်းများနှင့် ကုသိုလ်ရှင်များက ဆရာတော် သံဃာတော်များကို ဆွမ်း၊ ဆွမ်းဟင်းများ၊ ချိုချဉ်ခဲဖွယ်ဘောဇင်များ လောင်းလှူကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိသည်။