မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးတွင် အပူရှိန်မြင့်မားမှုကြောင့် ဧပြီလ နောက်ဆုံးအပတ်မှ မေလ ၁၅ ရက်အထိ Heat Stroke (အပူရှပ်)လူနာ ၅၇ ဦး တက်ရောက်ကုသမှု ခံယူလျက်ရှိပြီး လက်ရှိကာလတွင် သေဆုံးသူ ၆ ဦးရှိနေကြောင်း အဆိုပါဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာဇင်ဇင်ကျော်က ပြောကြားချက်အရ သိရသည်။