ဆိပ်ဖြူမြို့နယ်တွင် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများဖြစ်ပေါ်၍ ထိခိုက်ပျက်စီးခဲ့သော အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မေ ၁၄ ရက် ညနေ ၄နာရီခွဲခန့်က လေပြင်းတိုက်ခတ်၍ လူနေအိမ် အဆောက်အဦ အချို့ အမိုးလန်ပျက်စီးခြင်း ၊ မိုးကြိုးပစ်ခြင်းကြောင့် လူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိမှုတို့အတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။