မန္တလေးမြို့ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် စန္ဒာမုနိဘုရား သီတင်းကျွတ်ပွဲတော် အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီး ဘော်လီဘောအဖွဲ့ချုပ်မှ ဦးစီး၍ တတိယအကြိမ်မြောက် ဂေါပကအဖွဲ့ဥက္ကဋ္ဌဖလား အဆင့်မြင့် အလွတ်တန်းနှင့် လူသစ်တန်း အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ကုသိုလ်တော်ဘုရားဝင်းရှိ ဘော်လီဘော ကွင်းနေရာတွင် ကျင်းပခဲ့သည်။