သီတင်းကျွတ်ပွဲတော်ကာလတွင် ကမ္ဘာကျော်ဦးပိန်တံတားသို့ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လည်ပတ်မှုအထူးစည်ကား

ယခုနှစ်သီတင်ကျွတ်ပွဲတော်ကာလကို အောက်တိုဘာ ၁၁ ရက် မှ ၁၅ ရက်အထိ ရုံးပိတ်ရက် အဖြစ် သတ်မှတ်ပေးခဲ့ရာ အဆိုပါ ပွဲတော်ကာလတွင် မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်ရှိ ကမ္ဘာကျော် ဦးပိန်တံတားသို့ ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လည်ပတ်မှု အထူးစည်ကားလျက်ရှိကြောင်း သိရ
အာကီဒို နှီးနှောဖလှယ်ပွဲနှင့် နိုင်ငံတကာ အာကီဒိုသရုပ်ပြပွဲ ကျင်းပ
Myanmar Aikiikai New  Organization မှ ကြီးမှူး၍ မန္တလေးအာကီဒိုသင်တန်းများ၏ အနှစ်(၂၀) ပြည့်အထိမ်းအမှတ် အာကီဒိုနှီးနှောဖလှယ်ပွဲနှင့် နိုင်ငံတကာအကီဒိုသရုပ်ပြသပွဲကို အောက်တိုဘာ ၁၃ ရက် ညနေ ၃ နာရီက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မန္တလာသီရိ အဆင့်မြင့် အားကစားကွင်းရှိ Multipurpose Stadium ၌ ကျင်းပခဲ့
သီတင်းကျွတ်ပိတ်ရက်များတွင် ပဲခူးမြို့နယ်အတွင်းရှိ ဝင်္ဂဘော် ဆင်စခန်းသို့ လာရောက်လည်ပတ်သူများပြား
သီတင်းကျွတ် ရုံးပိတ်ရက်ကျောင်းပိတ်ရက်များတွင် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ ဝင်္ဂဘော်ကျေးရွာ ဝင်္ဂဘော် ဆင်စခန်းသို့ လာရောက်လည်ပတ်သူများဖြင့်စည်ကားလျှက်ရှိကြောင်းသိရ
သီတင်းကျွတ်လပြည့်ညတွင် မြတ်ပါရမီ ပရဟိတလူမှုကူညီရေးအသင်းက ညောင်ဦးမြို့ ရွှေစည်းခုံဘုရားကြီး၌ ဆဌမအကြိမ်မြောက် ဆီမီး(၁၀ဝ၀) ထွန်းညှိပူဇော်
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့ရှိ စွယ်တော်လေးဆူအနက် တစ်ဆူအပါအဝင်ဖြစ်သည့် ရွှေစည်းခုံစွယ်တော်မြတ် စေတီတော်ကြီးတွင် အောက်တိုဘာ ၁၃ ရက် ၊ (သီတင်းကျွတ်လပြည့်နေ့) ည ၆ နာရီခွဲအချိန်က ညောင်ဦးမြို့ မြတ်ပါရမီ ပရဟိတ လူမှုကူညီရေးအသင်းမှ ဆဌမအကြိမ်မြောက် ဆီမီး(၁၀ဝ၀)ထွန်းညှိပူဇော်၍ ကုသိုလ်ကောင်းမှု ပြုခဲ့ကြကြောင်း အဆိုပါ ပရဟိတအသင်းမှ အသင်းဉက္ကဌ ဦးဝင်းလှိုင်ထံမှ သိရ
သက်တမ်းတိုသနပ်ခါးများ စိုက်ပျိုးခြင်းက ဈေးကွက်ကိုသာမက ယဉ်ကျေးမှုအမှတ်သညာများကိုပါ ထိခိုက်လာနိုင်
သက်တမ်းရှည် သနပ်ခါးပင်များကို သဘာဝအတိုင်း စိုက်ပျိုးထုတ်လုပ်နေရာမှ အပင်သန်ဆေးများ အသုံးပြု၍ သက်တမ်းတိုသနပ်ခါး စိုက်ပျိုးထုတ်လုပ်ခြင်းများ ရှိလာခြင်းကြောင့် ဈေးကွက်ကိုသာမက
စမ်းချောင်းမြို့နယ်၊ အောင်မင်္ဂလာသိဒ္ဓိကျောင်းရှေ့တွင် သစ်ပင်လဲကျမှုဖြစ်ပွား လူထိခိုက်ဒဏ်ရာရရှိမှု မရှိ
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ဗဟိုလမ်း၊ အောင်မင်္ဂလာ သိဒ္ဓိကျောင်းရှေ့တွင် ယနေ့ မွန်းတည့် ၁၂ နာရီခန့်က သစ်ပင်လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ကြည့်မြင်တိုင်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ အားမာန်လူငယ်ပရဟိတအသင်းမှ လူနာတင်ယာဉ်(၁)စီးတို့ဖြင့် ရှင်းလင်းလုပ်ငန်းများဆောင်ရွက်ခဲပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရ
လောက်ကိုင်မြို့တွင်  နိဗ္ဗာန်ဈေးအလှူတော်ပွဲနှင့်ဆီမီး(၉၀ဝ၀)ကပ်လှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
လောက်ကိုင်မြို့တွင် မြန်မာ့ရိုးရာသီတင်းကျွတ်ပွဲတော် နိဗ္ဗာန်ဈေးအလှူတော်ပွဲနှင့်ဆီမီး (၉၀ဝ၀) ကပ်လှူပွဲကို ယမန်နေ့ ညနေပိုင်းက အောင်သစ္စာ မဟာဓာတ်စုရန်ငြိမ်းအေးစေတီတော်၌ စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်ခဲ့