ပုပ္ပါးကျေးရွာမှ တောင်ကလပ်အထိ ခရီးလမ်းမှာ (၂)မိုင်ကျော်ခန့်သာ ကွာဝေးပြီး ယခင် ဘိုးတော်ထွက် ပွဲကာလတွင် လမ်းပိတ်ဆို့မှု ဖြစ်ခဲ့သော်လည်း ယခုလောက် ပိတ်ဆို့မှုမရှိဘဲ၊ အောင်သိန္ဓိကုန်း အထက်နားမှစတင်ကာ လမ်းပိတ်ခြင်းဖြစ်ပြီး၊ ထိုစဉ်က တစ်လမ်းမောင်စနစ်အဖြစ် ပုပ္ပားကျေးရွာမှ တောင်ကလပ်၊ တောင်ကလပ်မှ ညောင်ပင်ဆိပ် ခရီးစဉ်အတိုင်း မောင်းနှင်သွားလာစေပြီး ယာဉ်ကြောရှင်းလင်းမှုကို ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ယာဉ်ကြောပိတ်ဆို့မှု ကြာရှည်မဖြစ်ပွားအောင် စီစဉ်ဆောင်ရွက်နိုင်ခဲ့သည်ဟု တောင်ကလပ်ဂေါပက အဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။