မန္တလေးမြို့ရှိ တည်ဆောက်ပြီးစီးနေသည့် ဝန်ထမ်းအိမ်ရာတိုက်ခန်း ၂၄၀ တွင် လာမည့်ဇွန်လအတွင်း နေရာချထားပေးမည်
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာအနီးရှိ အောင်မြေမန္တလာ နိုင်ငံဝန်ထမ်းအိမ်ရာ စီမံကိန်းအတွင်း တည်ဆောက်နေသည့် ဝန်ထမ်းအိမ်ရာတိုက်ခန်း ၂၄၀ မှာ လက်ရှိအချိန်တွင် ၁၀ဝ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ခြင်းကြောင့် လာမည့် ဇွန်လအတွင်း နေရာချထားပေးမည်ဖြစ်ကြောင်း သိရသည်။