သီတင်းကျွတ်လပြည့်နေ့ ဘုရားရှင်အား ဆွမ်းတော်ကြီးတင်လှူပွဲ အစဉ်အလာမပျက်ကျင်းပ
ပအိုဝ့်အမျိုးသားတို့ စုဝေးနေထိုင်ရာ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးတိုက်နယ်ဒေသ နှင်းယွန်း စေတဝန်ကျောင်းတော်ကြီးတွင် ယနေ့ (သီတင်းကျွတ်လပြည့်နေ့) နံနက် ၄ နာရီမှစတင်ကာ ဘုရားရှင်အား စုပေါင်း၍ ဆွမ်း၊ ဟင်းလျာ၊ သစ်သီး၊ သောက်တော်ရေ ကပ်လှူပွဲ အစဉ်အလာမပျက် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ






