ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားရေးတွင် အမျိုးသမီးခေါင်းဆောင်များ၏ အခန်းကဏ္ဍဆွေးနွေးပွဲ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး တက်ရောက်အမှာစကားပြောကြား

“ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားရေးတွင် အမျိုးသမီးခေါင်းဆောင်များ၏ အခန်းကဏ္ဍ” ဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် စင်ကာပူနိုင်ငံအခြေစိုက် ပြင်သစ်သံရုံးမှ Economic Departments for ASEAN countries ၏ အကြီးအကဲနှင့် သံမှူးကြီးအား လက်ခံတွေ့ဆုံ
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် စင်ကာပူနိုင်ငံအခြေစိုက် ပြင်သစ်သံရုံးမှ အာဆီယံနိုင်ငံများဆိုင်ရာ စီးပွားရေးရာဌာနကြီး၏ အကြီးအကဲနှင့်သံမှူးကြီး Mr. Frederic KAPLAN နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ကံ့ကော်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူ့အတွက်တတိယ(၁)နှစ်တာ ဆောင်ရွက်နိုင်မှု သတင်းစာရှင်းလင်းပွဲပြုလုပ်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏  ပြည်သူ့အတွက် တတိယ(၁)နှစ်တာ လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကို ယနေ့ နံနက် ၉ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ကြောင်း သိရသည်။
နှုတ်ခမ်းကွဲအာခေါင်ကွဲ ဝေဒနာရှင်မြန်မာကလေးငယ်များခွဲစိတ်ကုသရန်  ပီတီတီအီးပီ က အမေရိကန်ဒေါ်လာတစ်သိန်းလှူဒါန်း
ထိုင်းနိုင်ငံအခြေစိုက် ရေနံရှာဖွေရေးနှင့် တူးဖော်ထုတ်လုပ်ရေးကုမ္ပဏီလီမိတက် ပီတီတီအီးပီက မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်ခဲ့သည့်် နှစ် ၃၀ ပြည့်အထိမ်းအမှတ်အနေဖြင့် နှုတ်ခမ်းကွဲအာခေါင်ကွဲ ဝေဒနာရှင် မြန်မာကလေးငယ် ၁၀ဝ အား ခွဲစိတ်ကုသရန်အတွက် ကမ္ဘာတစ်ဝန်းရှိ ဆင်းရဲနွမ်းပါးသော နှုတ်ခမ်းကွဲအာခေါင်ကွဲဝေဒနာရှင် ကလေးငယ်များနှင့် အရွယ်ရောက်ပြီးသူများအား အခမဲ့ ခွဲစိတ်မှုများ ဆောင်ရွက်နေသည့် Alliance for Smiles အဖွဲ့အစည်းကို အမေရိကန်ဒေါ်လာ တစ်သိန်းထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ 
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဟာဒုန်းပိုးရွာ(Ha Dong Silk Village)သို့ သွားရောက်၍ ပိုးရွာအတွင်း ပိုးထည်ယက်လုပ်နေမှုနှင့် အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချနေမှုတို့ကို လှည့်လည် ကြည့်ရှုလေ့လာကြသည်။
မြစ်ကြီးနားမြို့၌ ဒုတိယအကြိမ် မြန်မာကျပ်ငွေဖြင့် ကျောက်စိမ်းအရောင်းပြပွဲကို ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

မြစ်ကြီးနား    ၁၄     မေ 

ကယားပြည်နယ် ကျန်းမာရေးစီမံကိန်း (၂၀၁၉-၂၀၂၀)စာအုပ် အသိပေးမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ
ကယားပြည်နယ် လွိုင်ကော်မြို့တွင် ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ ကယားပြည်နယ်ကျန်းမာရေး စီမံကိန်း(၂၀၁၉-၂၀၂၀) စာအုပ် အသိပေးမိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ ကျင်းပသည်။