ညောင်ဦးမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ တောင်သူများထံ ထုတ်ချေးဆောင်ရွက်ပေးနေ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၁၉ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်းရှိ တောင်သူများ မိုးဦးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မေ ၆ ရက်မှ စတင်၍ တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိရာ ယခုလတ်တလောတွင် ကျေးရွာအုပ်စု ၈ အုပ်စုမှ တောင်သူဦးရေပေါင်း ၅၁၀ အား မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဒေါ်ရွှေဇင်ဌေး ထံမှ သိရသည်။