မိတ္ထီလာမြို့ ပထမလမ်းမတော်ထိပ်ရှိ လမ်းလယ်ကျွန်းတြိဂံပန်းခြံနှင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သည့်နေရာတို့ကို မြက်ခင်းနှင့် ပန်းအလှပင်များဖြင့် အလှဆင်သွားမည်

မိတ္ထီလာမြို့ ပထမလမ်းမတော်ထိပ်ရှိ လမ်းလယ်ကျွန်းတြိဂံပန်းခြံနှင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သည့် နေရာတို့ကို မြက်ခင်းနှင့် ပန်းအလှပင်များဖြင့် အလှဆင်သွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
စားဆီများ တင်ဆောင်လာသည့် ၂၂ ဘီးတွဲယာဉ်တစ်စီး ဂျွိုင်းဆက်ပြုတ်ပြီး တိမ်းမှောက်ခဲ့ကာ ရပ်နားနေကြသည့် လူများအား ဝင်ရောက်တိုက်မိသဖြင့် (၄)ဦးသေ (၉)ဦးဒဏ်ရာရရှိ
ဝမ်းတွင်းမြို့နယ် ဒိုင်ကောင်းကုန်းကျေးရွာအနီး၌ အောက်တိုဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီ ၅ မိနစ်တွင် စားဆီများ တင်ဆောင်လာသည့် ၂၂ ဘီး တွဲယာဉ်တစ်စီး ဂျွိုင်းဆက်ပြုတ်ပြီး လမ်း၏ဝဲဘက်သို့ တိမ်းမှောက်ခဲ့ကာ ရပ်နားနေကြသည့် လူများအား ဝင်ရောက်တိုက်မိသဖြင့် (၄)ဦးသေဆုံးပြီး (၉)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့နယ်အတွင်း ကျေးရွာ ၁၁ ရွာ၌ တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မဟာဓါတ်အားလိုင်းပြင်ပရှိ ကျေးရွာများ မီးလင်းရေးအတွက် အမျိုးသားလျှပ်စစ်ဓါတ်အား ရရှိရေးစီမံကိန်းအဖြစ် ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်အတွင်း ကျေးရွာ ၁၁ ရွာရှိ အိမ်ခြေ ၁၀၄၃ အိမ်ကို တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးရရှိရေးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်းထံမှ သိရသည်။
မြိတ်မြို့ Sea View Condo ၌ တတိယအကြိမ်မြောက် စားဖွယ်စုံဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကမ်းနားလမ်း၊ Sea View Condo၊ sea view mall ၌ တတိယအကြိမ်မြောက် စားဖွယ်စုံဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၁ ရက် ည ၇ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ အတိုးအရင်းများအား  ပဉ္စမအကြိမ် ထုတ်ချေးပေးအပ်

ချောင်းဦး ၁၂ အောက်တိုဘာ

မိုင်းယန်းမြို့နယ်၌ ဒုတိယအကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

မိုင်းယန်း ၁၂ အောက်တိုဘာ

မြန်မာယူနီကုဒ်စံစနစ်ကူးပြောင်းမှုတွင် ပံ့ပိုးကူညီသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်