မြစ်ကမ်းပါးပြိုမှုကြောင့် ရေနံချောင်းမြို့နယ် လမ်းကူးကျေးရွာမှ လူနေအိမ် ၇ လုံးကြိုတင်ပြောင်းရွေ့

ရေနံချောင်းမြို့နယ် ဝက်လွတ်ကျေးရွာအုပ်စု လမ်းကူးကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စားမှု၍ မြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးအန္တရာယ်ကျရောက်နိုင်သဖြင့် လူနေအိမ် ၇ လုံးကို ၎င်းတို့နေထိုင်သည့်ကျေးရွာ၏ တောင်ဘက် ပေ ၂၀ဝ၀ ခန့်အကွာ၌  ကြိုတင်ပြောင်းရွေ့ထားရကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဝမ်းတွင်းမြို့တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ လေ့ကျင့်သရုပ်ပြ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင် နိုင်ငံတကာအဆင့်နှင့်အညီ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ လေ့ကျင့်သရုပ်ပြခြင်းကို ယနေ့နံနက်ပိုင်းက ဝမ်းတွင်းမြို့ သဲတောလွတ်လပ်ရေးကွင်းအတွင်း၌ ဝမ်းတွင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ ဆောင်ရွက်ခဲ့ကြ
ရွှေဘိုမြို့နယ်တွင် သွေးလွန်တုပ်ကွေးနှင့် ဆင်တုပ်ကွေးရောဂါအဖြစ်များနေသဖြင့် လူ ၁၀ဝ၀ ခန့် H1N1 ရောဂါ ကာကွယ်ဆေးထိုးပေး
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ခုတင်(၂၀ဝ)ဆံ့ပြည်သူ့ဆေးရုံကြီး(ရွှေဘို)၌ ကျန်းမာရေးကုသမှု ခံယူလျက် ရှိနေကြသော ----------
တိုင်းရင်းဆေးဝါး ထုတ်လုပ်သူလုပ်ငန်းရှင်များအား အသိပေးနှိုးဆော်

နေပြည်တော် ၁၉ စက်တင်ဘာ

လမ်းဖောက်လုပ်ရာတွင် ပါဝင်သည့် မြေနေရာအတွက် မြေယာလျော်ကြေးငွေပေးအပ်
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် အောင်မြင်ရွာနှင့် ချင်းပြည်နယ် အိုက္ကာသို့ ဆက်သွယ်သည့် ဂန့်ဂေါ- အိုက်ကာလမ်းတွင် လမ်းဦးစီးဌာန တည်ဆောက်ရေး(၁၂)က ဂန့်ဂေါ မြို့နယ် အောင်မြင်ရွာအနီးတွင် တာဝန်ယူဆောက်လုပ်နေသည့် တံတားဆောက် လုပ်ခြင်းတွင် ပါဝင်သော မြေနေရာများအတွက်လျော်ကြေးငွေပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ဂန့်ဂေါ မြို့နယ် အထွေထအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ကျောင်းသား ကျောင်းသူများ မြန်မာစာလုံးပေါင်းသတ်ပုံအမှန်ရွေးပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
ကျောင်းသား ကျောင်းသူများ မြန်မာစာလုံးပေါင်းသတ်ပုံအမှန်ရွေးတတ်စေရန် ရည်ရွယ်၍  မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းက မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) တွင် မြန်မာစာလုံးပေါင်း သတ်ပုံအမှန်ရွေးပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။
ချောင်းတိမ်ချောင်းရေကြီးရေလျှံမှုကြောင့် လမ်းမပေါ်တွင်တင်ကျန်ရစ်ခဲ့သော သဲနှင့် ရွံ့နွံ့များရှင်းလင်း
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ စက်တင်ဘာ ၁၈ ရက် ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ချောင်းတိမ်ချောင်း ရေကြီးရေလျှံမှုဖြစ်ကာ ရန်ကုန် - မန္တလေးလမ်း လမ်းမတော်လမ်းမကြီး ပေါ်၌ သဲနှင့်ရွံ့နွံ့များ တင်ကျန်ခဲ့ပြီး ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စေရန် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ စက်ယန္တရားများနှင့် စက်တင်ဘာ ၁၉ ရက်က ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်၊