ငါန်းဇွန်မြို့၌ ဝါတွင်းကာလ ဓမ္မပူဇာသဘင်ကျင်းပ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ ရွေရပ်သာမြတ်စွာဘုရားဝင်းအတွင်းရှိ ပဋ္ဌာန်းဟောရွှေကျောင်း တော်ကြီး၌ ဝါတွင်းကာလ လပြည့်၊ လကွယ်နေ့တိုင်း ဓမ္မပူဇာသဘင်ကျင်းပရာ ...............
(၁၄.၉.၂၀၁၉) ရက်နေ့ ရေပိုလွှဲမှ ရေကျော်သည့် ရေလှောင်တမံများစာရင်း
1
ရေဆင်းကျောင်းသားကျောင်းသူများအဖွဲ့  ပွင့်ဖြူမြို့နယ်အတွင်းရှိ သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် စိုက်ပျိုးရေးပေးဝေမှု အခြေအနေအား ကွင်းဆင်းလေ့လာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်နေမှုအခြေအနေနှင့် စိုက်ပျိုးရေဖြန့်ဝေပေးမှုအခြေအနေများအား ................
သိန္ဓောကျေးရွာသို့ နိုင်ငံသားကတ်နှင့်အိမ်ထောင်စု လူဦးရေစာရင်းများ (အခမဲ့) ကွင်းဆင်းဆောင်ရွက်ပေး
တနင်္သာရီတိုင်းဒေသကြီး  တနင်္သာရီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနနှင့် ဒုက္ခသည်များဆိုင်ရာ နော်ဝေကောင်စီ(NRC)အဖွဲ့တို့ ပူးပေါင်း၍ မြို့နယ်နှင့်သွားလာရေး ခက်ခဲသော သိန္ဓောကျေးရွာအုပ်စု အတွင်းမှ ကျေးရွာခွဲများရှိ ဒေသခံတိုင်းရင်းသားများနှင့် အခြေခံပညာ ကျောင်းသူ/ကျောင်းသားများကို  အ.ထ.က(ခွဲ) သိန္ဓောရွာကျောင်း၌ စက်တင်ဘာ(၁၁ ရက်မှ ၁၃ ရက်)အထိ သုံးရက်တိတိ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို (အခမဲ့)ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်(လ.ဝ.က)မှ သိရှိရသည်။
မိခင်သေဆုံးမှုလျှော့ချရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ်(၅)ရပ်ကွက် အခြေခံအလယ်တန်းကျောင်း၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မိခင်သေဆုံးမှုလျှော့ချရေး အသိပညာပေးဟောပြောခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စက်တင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆောမြို့နယ်တွင် မိုးစပါး မျိုးသန့်မျိုးပွားစိုက်ပျိုးသည့် တောင်သူများထံ ဓာတ်မြေသြဇာနှင့်ရွက်ဖျန်းမြေသြဇာများ ထောက်ပံ့ပေးအပ်
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး   မျိုးသန့်မျိုးပွားစိုက်ပျိုးသည့် ကျေးရွာများရှိ တောင်သူများထံ ဓါတ်မြေသြဇာနှင့် ရွက်ဖျန်းမြေသြဇာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
မင်းလှ၌တောင်ကျ ရေများကျဆင်းသွား၍ စာသင်ကျောင်းများပုံမှန်အတိုင်းဖွင့်လှစ်သင်ကြား
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင်   တောင်ကျချောင်းရေများကျဆင်းသွား၍ စက်တင်ဘာ ၁၄ ရက်က  စာသင်ကျောင်းများအားလုံး ပုံမှန်အတိုင်းဖွင့်လှစ် သင်ကြားလျက်ရှိကြာင်း သိရသည်။