၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၃ ရက်တွင် ပြည့်မြောက်မည့်မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနားအတွက် ရာပြည့်အကြိုလှုပ်ရှားမှုများကိုယခုနှစ် အောက်တိုဘာမှ စတင်ဆောင်ရွက်ကြမည်ဖြစ်ပြီး ၎င်းတွင် ပါဝင်မည့်အစီအစဉ်များ အတည်ပြုသတ်မှတ်နိုင်ရန်နှင့် မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ်ပွဲတော်ကို ကျင်းပမည့် နေ့ရက်၊ ပွဲတော်ကာလနှင့် ပွဲတော်ကျင်းပမည့်နေရာများ ရွေးချယ်သတ်မှတ် ဆောင်ရွက်ရန်တို့ကို ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ ခွဲဝေသတ်မှတ်ကာ သက်ဆိုင်ရာ အစည်းအဝေးများထပ်မံကျင်းပ ဆောင်ရွက်သွားမည်