ပဲခူးမြို့မြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်လာသဖြင့် ရေဘေးရှောင်စခန်း (၂၆) ခုထိ ဖွင့်ထား
ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ပဲခူးမြစ်ရေ စိုးရိမ်ရေအမှတ်သည် (၈၈၀) စင်တီမီတာထက် ကျော်လွန်ပြီး (၉၁၇) စင်တီမီတာသို့ ရောက်ရှိလာရာ ရေဘေးရှောင်စခန်း (၂၆) ခုထိ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။








