ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအား ပြည်ထောင်စုဝန်ကြီး  ဒေါက်တာဝင်းမြတ်အေး သွားရောက်တွေ့ဆုံ အားပေး ထောက်ပံ့

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများထံသို့ သွားရောက် အားပေးထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။    
တိုင်းရင်းသားပုံပြ ပုံပြင်စာအုပ်များ ပေးအပ်ပွဲအခမ်းအနားကျင်းပ
တိုင်းရင်းသားပုံပြ ပုံပြင်စာအုပ်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ဥယျာဉ်လမ်းရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန  တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြား ရေးမှူးရုံး(ရန်ကုန်တိုင်းဒေသကြီး)၌ ကျင်းပသည်။
ဒုတိယဝန်ကြီး ဦးစိုးအောင် ပေကျင်းမြို့အခြေစိုက်''UN-SPIDER'' ရုံး၏ (၁၀)နှစ်ပြည့်အခမ်းအနားနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေး အတွက် အာကာသ အခြေပြုနည်းပညာများမှ သတင်းအချက်အလက်များ အသုံးချခြင်း မူဝါဒပိုင်းဆိုင်ရာ ကုလသမဂ္ဂညီလာခံသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် စက်တင်ဘာလ (၁၁)ရက်နေ့ မှ(၁၂)ရက်နေ့အထိ ကျင်းပခဲ့သော ပေကျင်းမြို့အခြေစိုက် "UN_SPIDER" ရုံး၏(၁၀)နှစ်ပြည့် အခမ်းအနားနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေးအတွက် အာကာသအခြေပြုနည်း ပညာများမှ သတင်းအချက်အလက်များ အသုံးချခြင်း မူဝါဒပိုင်းဆိုင်ရာ ကုလသမဂ္ဂညီလာခံသို့ တက်ရောက်ခဲ့ ပါသည်။     
မိုးမိုး(အင်းလျား) ၇၅ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာပွဲတော် သတင်းစာရှင်းလင်းပွဲနှင့် စာပေစကားဝိုင်းကျင်းပ
မိုးမိုး(အင်းလျား) ၇၅ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာပွဲတော် သတင်းစာရှင်းလင်းပွဲနှင့် စာပေစကားဝိုင်းကို ယနေ့ နံနက်ပိုင်းကရန်ကုန်မြို့ သိမ်ဖြူလမ်းရှိသတင်းနှင့်စာနယ်ဇင်းလုပ်ငန်းရုံးရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့်တွေ့ဆုံ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ -------
ဒုတိယဝန်ကြီး ဦးကျော်လင်း မော်လမြိုင်မြို့ သမိုင်းဝင်ကျိုက်သလ္လံစေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှု စစ်ဆေး
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးမင်းကျော်လွင်တို့သည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ သမိုင်းဝင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်နေသော တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်း မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံသံအမတ်ကြီး Ms. Riikka Laatu အား လက်ခံတွေ့ဆုံ

နေပြည်တော် ၁၃  စက်တင်ဘာ