လိုင်လင်းပီမြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော(၂)နှစ်အောက်ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ  ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော(၂)နှစ်အောက်ကလေးသူငယ်များအား လစဉ်ထောက်ပံ့ပေးသော ငွေကြေးအထောက်အပံ့ပေးအပ်ခြင်းကို ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ လိုင်လင်းပီမြို့၊ MTP Hall ၌  ယနေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်ကြသည်။      
အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)တွင်၂၀၁၄ ခုနှစ်မှ စတင်ကာ သင်တန်းဖွင့်လှစ်ပေးနိုင်မှု(၁၅)ကြိမ်မြောက်ရှိပြီး(၂၂၇၅)ဦးအား မွေးထုတ်ပေးနိုင်ခဲ့
ကရင်ပြည်နယ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)မှ ဖွင့်လှစ်ကာ ADRA Myanmarနှင့် Norad တို့ ကူညီပံ့ပိုးသော သင်တန်း(၅)မျိုးဆင်းပွဲနှင့် ထပ်မံသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဘားအံ အစိုးရ နည်းပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
အဋ္ဌမအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ တတိယအစည်းအဝေး ကျင်းပမည်
အဋ္ဌမအကြိမ်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ တတိယအစည်း အဝေးကို ၁၃၈၁ - ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၆၊၇၊ ၈၊ ၉) ရက်၊ (၂၀၁၉-ခုနှစ်၊ နိုဝင်ဘာလ ၁၇၊၁၈၊ ၁၉၊ ၂၀) ရက်၊ တနင်္ဂနွေ၊ တနင်္လာ၊အင်္ဂါ၊ ဗုဒ္ဓဟူးနေ့များတွင် အကြိုညှိနှိုင်းအစည်းအဝေးနှင့် ၁၃၈၁-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀၊၁၁) ရက်၊ (၂၀၁၉-ခုနှစ်၊ နိုဝင်ဘာလ ၂၁၊ ၂၂) ရက်၊ ကြာသပတေး၊ သောကြာနေ့များတွင် အစည်းအဝေးကျင်းပမည်ဖြစ်သည်။ 
မင်းတုန်းမြို့နယ်၌ လူထုဗဟိုပြုစီမံကိန်း ၄ နှစ်တာအတွင်း အခြေခံ အဆောက်အအုံနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်း ခွဲပေါင်း (၆၆၆) ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ်အတွင်း ကမ္ဘာ့ဘဏ်နှင့် ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော -------------
မော်ဓောမြင်သာ မြို့ထောင့်စေတီတော် (၂၀၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားစွာကျင်းပမည်
ရွှေဘိုမြို့ရှိ မော်ဓောမြင်သာ မြို့ထောင့်စေတီတော် (၂၀၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်ကျင်းပမြဲဖြစ်သော တော်သလင်းလပြည့်ကျော် ၇ ရက်မှ သီတင်းကျွတ်လဆန်း ၁ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း မြို့ထောင့်စေတီဘုရား ဂေါပကဥက္ကဋ္ဌ ဦးမြအေးထံမှ သိရသည်။
ယင်းမာပင်ခရိုင်တွင် လူဦးရေစာရင်းကောက်ယူပြုစုခြင်းနှင့် အခြေခံမဲစာရင်းပြုစုခြင်းလုပ်ငန်း အချိန်မီပြီးစီးနိုင်ရေး တိုးတက်မှုဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ   
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်တွင် လူဦးရေစာရင်းကောက်ယူပြုစုခြင်းနှင့် အခြေခံမဲစာရင်း ပြုစုခြင်းလုပ်ငန်း အချိန်မီပြီးစီးနိုင်ရေး တိုးတက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၀ ရက်နေ့က ယင်းမာပင်ခရိုင် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။     
ကျွန်းလှမြို့နယ်တွင် ပြောင်သွယ်ချောင်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်း ၂၉ ရာခိုင်နှုန်းပြီးစီး
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် အင်တိုင်း-ကျွဲတဲ-အင်လှ-လိပ်စင်းတောင် ကျေးရွာ လမ်းပေါ်ရှိ ပြောင်သွယ်ချောင်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းများမှာ ၂၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။