စဉ့်ကူးမြို့နယ်တွင် နွေရာသီ ဓာတ်အားပြည့်ဝစွာ သုံးစွဲရရှိရေး ၃၃/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံအဖြစ် အဆင့်မြှင့်တင်
မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်တွင် နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် သုံးစွဲနေကြသော တိုင်းဒေသကြီး ဘတ်ဂျက်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးမည့် ကျေးရွာများအား နွေရာသီတွင် ဓာတ်အားပြည့်ဝစွာ သုံးစွဲရရှိရေးနှင့် ဓာတ်အားပြတ်တောက်မှုမဖြစ်ပေါ်စေရန်အတွက် မြန်မာ့လျှပ်စစ်ဓာတ်အားပေးက ကော်ပိုရေးရှင်းမှ စဉ့်ကူးမြို့တွင် ၃၃/၁၁ ကေဗွီဓာတ်အားခွဲရုံ ၅အမ်ဗွီအေမှ ၃၃/၁၁ ကေဗွီ ၁၀ အမ်ဗွီအေဓာတ်အားခွဲရုံအဖြစ် စက်တင်ဘာ (၃)ရက်က အဆင့်မြင့်တင်တပ်ဆင်တည်ဆောက်ခဲ့ကြောင်း သိရသည်။






