လူရွှင်တော်ကြီးများနှင့် အငြိမ့်မင်းသမီးကြီးများအား စတုတ္ထအကြိမ် သက်ကြီးပူဇော်ပွဲ မန္တလေးတွင် ကျင်းပမည်
ဒို့ညီကို၊ ချိုတူးအငြိမ့်၊ ကိုချိုတူး+မသီသီဦး မိသားစုမှ ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် စတုတ္ထအကြိမ်မြောက် ကသောလက်ဖြင့် လှူဒါန်းခြင်း ကိုချိုတူး+မသီသီဦး တည်ထောင်သော ဒို့ညီကို ချိုတူးအငြိမ့်နှင့် အငြိမ့်ချစ်သူ ပရိသတ်များ လှူဒါန်းငွေဖြင့် အငြိမ့်လူရွှင်တော်ကြီးများနှင့် အငြိမ့်မင်းသမင်းကြီးများအား သက်ကြီးပူဇော်ပွဲကို သြဂုတ်လ ၃၀ ရက် နံနက်(၈)နာရီမှ မွန်းတည့် ၁၂ နာရီအထိ မန္တလေးမြို့၊ လမ်း ၈၀၊ ၄၀ x ၄၁ လမ်းကြားရှိ အေးငြိမ်းအောင်မြင်သိဒ္ဓိရှင် ဓမ္မာရုံ၌ ကျင်းပမည် ဖြစ်သည်။






