ချစ်လို့ပြောသည်မှတ်ပါသည်နှင့် အမှတ်တရ ရသစာပေများထွက်ရှိ
လေယာဉ်မှူးကြီး သိန်းဇော်ရေးသားသည့် ချစ်လို့ပြောသည်မှတ်ပါသည်နှင့် အမှတ်တရ ရသစာစုများ စာအုပ်ထွက်ရှိလာသည်။ စာအုပ်တွင် လူငယ်များ၏ နားနှင့်ဝင်ဆံ့အောင် အံဝင်ခွင်ကျဖြစ်လောက်သော အကြောင်းအရာများကို အဓိကဦးတည်ချက်ထား၍ ထိရောက်စွာပြုစုထားသည်။ စာအုပ်တွင် ရသစာစု စုစုပေါင်း၂၅ ပုဒ်ပါပြီး ဆရာတပည့်၊ မိဘနှင့် သားသမီး၊ မိတ်ဆွေများအချင်းချင်းကြားတွင်ထားရှိရမည့် ချစ်ခြင်းမေတ္တာနှင့် မေတ္တာ၏ အစွမ်းထက်ပုံတို့ကို စာရေးသူ၏ ဘဝအတွေ့အကြုံများဖြင့် ရေးသားဖော်ပြထားသည်။
မြန်မာနိုင်ငံ၌ ဂျပန်နိုင်ငံ ကိုဒိုကန်ဂျူဒိုတက္ကသိုလ်မှ ခါးစည်းအဆင့်သတ်မှတ်ခြင်း လက်မှတ်ရယူနိုင်တော့မည်
မြန်မာ့ဂျူဒိုအားကစား မောင်မယ်များက ဂျပန်နိုင်ငံရှိ ကိုဒိုကန် ဂျူဒိုတက္ကသိုလ်မှ ချီးမြှင့်သော ကိုဒိုကန်ခါးစည်း DAN အဆင့် သတ်မှတ်ခြင်းကို မြန်မာနိုင်ငံ၌ပင် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်က ...............
နိုင်ငံ၏ ကုန်ထုတ်စွမ်းအားမြင့်မားကာ အမှန်တိုးတက်မှုဖြစ်ပေါ်စေရေးအတွက် မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်း စတင်ဖွဲ့စည်း
မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်း စတင်ဖွဲ့စည်းခြင်းကို ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်၌ ဩဂုတ် ၂၂ ရက်က ကျင်းပသည်။
ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာ လွှတ်တော်သို့လာရောက်လေ့လာလိုပါက သုံးရက် ကြိုတင်ပေးပို့နိုင်
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့သို့ ရတနာပုံတက္ကသိုလ် ဥပဒေပညာဌာနမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ .............
ဂုတ်တွင်းတံတားကြံ့ခိုင်ရေးအတွက် သတ်မှတ်ကုန်ချိန်သယ်ဆောင်ရန် မေတ္တာရပ်ခံ
မြန်မာနိုင်ငံ၏ အဓိက နယ်စပ်ကုန်သွယ်ရေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၈၃/၇ နှင့် ၈၄)ကြား၊ ကျောက်မဲ နှင့် နောင်ချိုမြို့ကြား ဂုတ်တွင်းချောင်း ကျော်တံတားကို မိုင်းခွဲဖျက်ဆီးခဲ့၍ ..............
တောင်ကြီးမြို့၌ ဆေးလိပ်ကင်းစင် ရှမ်းပြည်တစ်ခွင် အကြီးတန်း/သက်ငယ်တန်း/အလွတ်တန်း မီနီမာရသွန်ပြိုင်ပွဲ ကျင်းပ
၂၀၁၉ ခုနှစ်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် Pocari Sweat တို့ပူးပေါင်းကျင်းပသောအလွတ်တန်း၊အကြီးတန်း၊သက်ငယ်တန်း မီနီမာရသွန်ပြိုင်ပွဲကို သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၆ နာရီက ပြည်နယ်အားကစား လေ့ကျင့်ရေးရုံရှေ့၌ ဆေးလိပ်ကင်းစင် ရှမ်းပြည်တစ်ခွင် ၊အကြီး တန်း/သက်ငယ်တန်း/အလွတ်တန်းမီနီမာရသွန်ပြိုင်ပွဲကျင်းပခဲ့ရာရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ် စိုက်ပျိုးရေး၊မွေး မြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ပြည်နယ်စည်ပင် သာယာရေးဝန်ကြီးဦးစိုင်းစွံဆိုင်း၊ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊