ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ် ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်၊ ဒဂုံဆိပ်ကမ်း ဘဏ်ခွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် 

ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်၊ ဒဂုံဆိပ်ကမ်းဘဏ်ခွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း မြို့နယ်၊ ယုဇနအိမ်ရာရှိ အဆောက်အအုံ အမှတ်(၂၈)တွင် ကျင်းပသည်။
(၁၄)ကြိမ်မြောက် ကမ္ဘာ့နဂါးလှေချန်ပီယံရှစ်ပြိုင်ပွဲ စတုတ္ထမြောက်နေ့တွင် မြန်မာအသင်း ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၂)ခု ထပ်မံရရှိ
ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင် ကျင်းပပြုလုပ်သော (၁၄)ကြိမ်မြောက် ကမ္ဘာ့နဂါးလှေချန်ပီယံရှစ်ပြိုင်ပွဲ စတုတ္ထမြောက်နေ့ပွဲစဉ်များအဖြစ် မီတာ ၂၀ဝ ပွဲစဉ်များကို ဆက်လက်ကျင်းပပြုလုပ်ရာ ပွဲ(၄)မျိုး၌ ပါဝင် ယှဉ်ပြိုင်ခဲ့သော မြန်မာအသင်းသည် ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခုနှင့် ကြေးတံဆိပ်(၂)ခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။
လယ်ဝေးမြို့နယ်၊ မဒန်းရေလှောင်တမံ စီမံကိန်း တူးမြောင်းဖောက်လုပ်မည့် လယ်ယာမြေများအတွက် သီးနှံနစ်နာကြေးနှင့် မြေယာလျော်ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မဒန်းရေလှောင်တမံစီမံကိန်း တူးမြောင်းဖောက်လုပ်မည့် လယ်ယာမြေများအတွက် သီးနှံနစ်နာကြေးနှင့် မြေယာလျော်ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက လယ်ဝေးမြို့၊ သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင် ဓနုဖြူမြို့နယ် ၂၀၁၈-၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်၊ ကျုံတနီးကျေးရွာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သည် နောင်အနာဂတ်တွင် နိုင်ငံတော်အတွက် အားထားရသော လူရည်ချွန်မောင်မယ်များ ----------
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွင်းရှိ စေတနာရှင်ပြည်သူများမှ ကရင်ပြည်နယ်အတွင်း သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် အလှူငွေများထောက်ပံ့လှူဒါန်း
ကရင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် သဘာဝဘေး(ရေဘေး) ဒဏ်သင့်ပြည်သူများအတွက်-----------
မြဝတီမြို့၌ ကျောင်းပြင်ပ ပညာရေးလုပ်ငန်းတွင် ကျောင်းသား၊ ကျောင်းသူ ၅၆၃ ဦး တက်ရောက်သင်ကြားမည်
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး လုပ်ငန်းတွင် မြဝတီမြို့၌ အခြေစိုက်စခန်း ၄ ခု၊ မဲဆောက်ဒေသတွင် အခြေစိုက်စခန်း ၁၇ ခုဖြင့် ကျောင်းသား၊ ကျောင်းသူ ၅၆၃ ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း မြဝတီမြို့၊ သောင်ရင်းခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည့် မြဝတီမြို့နယ်၊ ကျောင်းပြင်ပပညာရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားမှ သိရသည်။
ချောင်းတိမ်ချောင်း ရေကြီးရေလျှံ ဖြစ်ပွားမှုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့၌ မိုးရာသီတွင် မကြာခဏ ရေကြီးရေလျှံလေ့ရှိသည့် ချောင်းတိမ်ချောင်းနှင့် ပတ်သက်၍ -----------