ကျန်းမာရေးဆိုင်ရာတက္ကသိုလ်အစုအဖွဲ့တည်ထောင်ဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးပွဲကျင်းပ

ကျန်းမာရေးဆိုင်ရာ တက္ကသိုလ်အစုအဖွဲ့ တည်ထောင်ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်သူများ ပါဝင်တက်ရောက်သည့် ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် သူနာပြုတက္ကသိုလ် (ရန်ကုန်)၌ ကျင်းပသည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် (၂၉)ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက် အမှာစကားပြောကြား
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ (၂၉)ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများလှူဒါန်း
မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့် ဒေသများအတွက် ထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် မြန်မာနိုင်ငံတဝန်းမှ အလှူရှင်များက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ အလှူငွေ၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို လာရောက်လှူဒါန်းလျက်ရှိသည်။ 
တက္ကသိုလ်များ ဓမ္မာရုံ မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်း ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
ရန်ကုန်တက္ကသိုလ် နှစ်(၁၀ဝ)ပြည့် အထိမ်းအမှတ် တက္ကသိုလ်များ ဓမ္မာရုံမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်း ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တက္ကသိုလ်များ ဓမ္မာရုံ၌ ကျင်းပသည်။
ဘားအံမြို့နယ် မြို့ပေါ်ရပ်ကွက်အလိုက် ကိုယ်ဝန်ဆောင်များနှင့် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မြို့ပေါ်ရပ်ကွက်များဖြစ်သော အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်တို့ရှိ ကိုယ်ဝန်ဆောင်များနှင့်----------
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးပြီး ရပ်ကွက်/ကျေးရွာနေ ပြည်သူလူထုနှင့်တွေ့ဆုံ
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ---------
မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု သင်တန်းဆင်းပွဲကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အရာထမ်းများအား ဆွေးနွေးသင်ကြားပို့ချပေးလျက်ရှိသည့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ(၃)နာရီခွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်) သင်တန်းကျောင်း၌ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။